စစ်ကိုင်းတိုင်း၊ အရာတော်အခြေစိုက် Danger Force LPDF တည်ထောင်ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်ကိုပြုလုပ်ခဲ့ပြီး တော်လှန်ရေးဆက်လက်အရှိန်မြှင့်လုပ်ဆောင်မယ်လို့ ဇွန် ၆ရက်က ကတိပြုထုတ်ပြန်လိုက်ပါတယ်။
Danger Force LPDF က ရဲဘော်တွေ အားလုံးဟာ အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ တော်လှန်ရေးလုပ်ငန်းတွေကို Knights Of The Red Land (KORL) ပျောက်ကြားတပ်ဖွဲ့အမည်နဲ့စတင်လုပ်ဆောင်ခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီကတဆင့်၂၀၂၂ ခုနှစ် ၊ ဇွန်လ ၆ ရက်နေ့မှာ Danger Force LPDF အဖြစ်စတင်ဖွဲ့စည်းကာ စစ်အာဏာရှင်ကို နည်းလမ်းပေါင်းစုံ အခက်အခဲပေါင်းစုံနဲ့စတင်ဖွဲ့စည်း တော်လှန်ခဲ့ကြတာမှာ ဇွန်လ ၆ရက်နေ့က တစ်နှစ်ပြည့်ပြီဖြစ်တယ်လို့ ဆိုပါတယ်။
Danger Force LPDFဟာ မုံရွာခရိုင်ကွပ်ကဲရေးမှူးရဲ့ ကွပ်ကဲမှုအောက်မှာ တည်ရှိနေတဲ့ အဖွဲ့ဖြစ်ပြီးအမျိုးသားညီညွတ်ရေးအစိုးရက ချမှတ်ထားတဲ့ လမ်းစဥ်တွေ အတိုင်း နည်း စနစ်ကျကျစည်းကမ်းတကျနဲ့ ဖွဲ့စည်း တော်လှန်နေတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်တယ်လို့ သိရပါတယ်။
ပြည်သူတွေရဲ့ အလှူငွေတွေနဲ့ ပံ့ပိုးကူညီမှုတွေကြောင့်သာ Danger Force LPDF အဖြစ် ယခုလိုရပ်တည်နိုင်တာဖြစ်ပြီး အခက်အခဲများအားလုံးကိုကျော်လွှားနိုင်ခဲ့တာကြောင့် ပြည်သူတွေကို အထူးပင်ကျေးဇူးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် Danger Force LPDFအနေနဲ့ တော်လှန်ရေးလုပ်ငန်းတွေကိုလည်း ယခင်ကထက်ပို၍ပို၍ အရှိန်အဟုန်မြင့်စွာ လုပ်ဆောင်သွားမယ်လို့ ဆက်လက်ကတိပြု အသိပေးထုတ်ပြန်ထားပါတယ်။