အကြမ်းဖက် စစ်သားတွေ တင်ဆောင်လာတဲ့ သင်္ဘောကို ချင်းတွင်းမြစ် တနေရာမှာတော်လှန် ရေးတပ်ဖွဲ့က ရှေ့ထွက်မိုင်း ၁၀လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၁ရက်က အကြမ်းဖက် စစ်ကောင်စီရဲ့ သင်္ဘော ၄စီးဟာ ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာပြီးတော့ အဲဒီထဲက သင်္ဘော ၁ စီးဟာ ချောင်းဦးမြို့နယ် ကံကြီးကုန် (ပျူရွာ) ရွာမှာ ဆိုက် ကပ်ခဲ့ပြီးနောက် ရွာထဲက အကြမ်းဖက် စစ်သားတွေကို တင်ဆောင်ပြီး ပြန်လည် ထွက်ခွာစဉ် ရေလမ်းကြောင်း တစ်နေရာအရောက်မှာ တော်လှန် ရေးရဲဘော်တွေက အသင့်ပြင်ဆင်ထားတဲ့ ရှေ့ထွက်မိုင်း ၁၀ လုံးနဲ့ ဖောက်ခွဲ တိုက်ခဲ့တာပါ။