ထိုင်း-ကရင်နယ်စပ် မြဝတီမြို့ကို ခံစစ်အဖြစ်ရှိတည်ရှိနေတဲ့ လက်ခတ်တောင်တစ်ကျောလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
လက်ခတ်တောင်ရှိ စစ်ကောင်စီတပ်ရင်းတွေနဲ့ ပူးပေါင်းစစ်ကြောင်းတွေ ဇူလိုင် ၂၀ ရက် ညနေပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကျန်ရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထွက်ပြေးသွားပြီလို့ သိရပါတယ်။
“ဒီနေ့ မနက် ၇ နာရီလောက်မှာ တောင်ကျောတစ်ခုလုံးကို ကာကွယ်ရေးပူးပေါင်းတပ်များက ထိန်းချုပ်လိုက်နိုင်ခြင်းဖြစ်တယ်” လို့ ကော်ဘရာစစ်ကြောင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လက်ခတ်တောင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးခဲ့ကြပြီး လက်နက်ခဲယမ်းတချို့သိမ်းပိုက်ရရှိခဲ့သော်လည်း စာရင်းများပြုစုနေတဲ့အတွက် လတ်တလောတွင် စာရင်းအတိအကျ ထုတ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။
ခလရ ၂၇၅၊ ခမရ ၁၁၈၊ လ၈၊ မ ၂၊ ခလရ ၂၀၇၊ ခမ၇ ၃၅၆၊ တပ်မ ၄၄ ပါဝင်တဲ့စစ်ကောင်စီတပ်တွေကို တပ်မဟာ (၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း ၁၊ ကျားသစ်နက်၊ Federal Wings စတဲ့စစ်ကြောင်းတွေက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။