မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကား ၂စီးကို မိုင်းဆွဲတိုက် ခိုက်ရာ စစ်သား ၄ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောဆိုသည်။
ဒီဇင်ဘာလ ၁၈ ရက်နေ့ ပခုက္ကူခရိုင်ဆိပ်ဖြူမြို့နယ် ကပစ ၂၂ မှထွက်လာသော စခကား ၂ စီးအား ချစ်ချောင်းရေကျော်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိုမိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်သား ၄ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူခရိုင်အမှတ် ၄ တပ်ရင်းတပ်ခွဲ ၃ ၊ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP(ပကဖ)တို့ပူပေါင်းတိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“ဒီတိုက်ခိုက်မှုက ဆိပ်ဖြူမြို့နယ် သံပုရာကန်ကျေးရွာမှာ လေယာဉ်နဲ့ ဗုံးကျဲလို့ ကွယ်လွန်သွားတဲ့ အပြစ်မဲ့ ပြည်သူ အမျိုးသမီး ၂ ဦးအတွက် လက် တုံ့ ပြန်တာပါ” ဟု ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောဆိုသည်။
ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန် စစ်ကောင်စီတပ်၏ တိုက် လေယာဉ်က ဆိပ်ဖြူမြို့နယ်၊ သံပုရာပင်ကျေးရွာ၊ မူလတန်းကျောင်းအနီးသို့ ဗုံးကျဲချရာ ဗုံးပေါက်ကွဲပြီး အမျိုးသမီး ၂ ဦး သေဆုံးသွားခဲ့သည်။
အလားတူ ဒီဇင်ဘာလ ၁၇ ရက်နေ့ ပခုက္ကူ အခြေစိုက် တပ်မ ၁၀၁ ကို တော်လှန်ရေးတပ်များက Rocket အလုံးရေ များစွားဖြင့် ပစ်ခတ်တိုက်ခဲ့ရာ တပ်မ ၁၀၁ အတွင်း သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ၊ စစ်သား ၇ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်သူတွေ များပြားခဲ့ကြောင်း ၊ Rocket များ ပစ်ခတ်နေစဉ်အတွင်း စစ်တပ်က ၈၁ မမ လက်နက်ကြီး ဖြင့် အချက်ရေများစွာ ပြန် လည်ပစ်ခတ်ခဲ့ကြောင်း ၊ လက်နက်ကြီးများစွာ နီးကပ်စွာ ကျရောက်ပေါက်ကွဲခဲ့သော်လည်း ရဲဘော်များ အထိအခိုက်မရှိကြောင်း Phoenix Ranger (P.R.D.F) ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
တပ်မ ၁၀၁ ကို တိုက်ခိုက်သည့် စစ်ဆင်ရေးတွင် Phoenix Ranger (P.R.D.F) ၊ Royal Defense Forces (R.D.F) ဆင်ရိုင်းရာဇာ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့. မြိုင် ပ.က.ဖ နှင့် ညီနောင်မဟာမိတ်အဖွဲ့များမှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။