စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရပြီး ဘုန်းကြီးနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင် ချင်းတွင်းမြစ်ရိုး တစ်လျှောက် အောက်သို့ စုန်ဆင်းလာသည့် အကြမ်းဖက် စစ်တပ်၏ သစ်များ တင်ဆောင်လာသော ရေယာဥ် ၂ စီးက မြစ်ကမ်းဘေးရှိ ကျေးရွာများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်သည် သရက်ကိုင်းကျေးရွာနှင့် နှောကူးတို့ကျေးရွာကို ကျရောက်ခဲ့ပြီး လူနေအိမ်နှင့် ဘုန်းကြီးကျောင်းများကို ထိမှန်ပျက်စီးပြီး သံဃာတော် ၁ ပါးလည်း လက်နက်ကြီးကျည်ဆ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
” လက်နက်ကြီးထိသွားတဲ့ ဆရာတော်က မစိုးရိမ်ရဘူးလို့တော့ သိရတယ်။ ဒါပေမယ့် ကျည်ဆကို ခွဲထုတ်ရမယ်ရမယ်လို့ သိရတယ်” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကုန်းကြောင်းကို အသုံးပြုနိုင်ခြင်း မရှိတော့သည့်အတွက် ရေကြောင်းလမ်းကို အသုံးပြုပြီး ရိက္ခာများ သယ်ယူပို့ဆောင်ကာ မြစ်ကမ်းဘေးရှိ ကျေးရွာများကို ရမ်းသမ်းပစ်ခတ်မှုများ ဆက်တိုက် ပြုလုပ်လာခြင်း ဖြစ်ပြောင်း သိရသည်။