မန္တလေးတိုင်းအခြေစိုက် အမရစစ်သည်တော်အဖွဲ့ဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအတွက် လက်နက်တွေ ကိုယ်တိုင်ထုတ်လုပ်နေခဲ့တာ တစ်နှစ်ကျော်နေပြီလို့ သိရပါတယ်။
သူတို့ ထုတ်လုပ်နိုင်ခဲ့တဲ့ ၈၀ မမ၊ ၆၀ မမ၊ ၄၀ မမ၊ ၁ ထောင့်ထိုး၊ ပစ္စတို စတဲ့ လက်နက် စုစုပေါင်း ၄၈ လက်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီ ထောက်ပံ့ပေးခဲ့ပြီးဖြစ်တယ်လို့ အမရစစ်သည်တော်အဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်မိုးလွင်ကပြောပါတယ်။
လက်ရှိမှာလည်း မြို့ပြ UG တွေအတွက် အဓိကထားပြီး အသေးစားအရွယ် ၉ မမ ပစ္စတို စမ်းသပ်ထုတ်လုပ်မှု အောင်မြင်ပြီးဖြစ်ရာ ဆက်လက်ထုတ်လုပ်နိုင်ဖို့ ငွေကြေးအခက်အခဲနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။ ဒီလိုအသေးစား ၉ မမ ပစ္စတို၊ ၁၅ လက် ထုတ်လုပ်ဖို့ သူတို့က လျာထားတာပါ။
အမရစစ်သည်တော်အဖွဲ့ဟာ သူတို့ ဆက်လက်ထုတ်လုပ်နိုင်တဲ့ လက်နက်တွေကို မန္တလေးတိုင်းအပြင် မကွေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းစတဲ့ ဒေသတွေက လက်နက်ဝယ်ယူဖို့ ခက်ခဲနေတဲ့ ဘယ်ကာကွယ်ရေးအဖွဲ့မဆို သူတို့ကို ဆက်သွယ်လာပါက စိစစ်ပေးအပ်သွားမယ်လို့လည်း ဆိုပါတယ်။