ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အုပ်ချုပ်ရေးမှူး အဖြစ်မှ နှုတ်ထွက်သည်ဟု လိမ်လည်ပြီး စစ်တပ်နှင့် ပူးပေါင်းနေသည့် ချောင်းဂွအုပ်စု အုပ်ချုပ်ရေးမှူး ချစ်ကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ...
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်လိုက်ပြီလို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်တွေက ဇူလိုင် ၇ရက်မှာ ပုလဲမြို့နယ် မြို့ထဲကို ဝင်ရောက်စီးနင်းခဲ့ပြီး ပုလဲမြို့ထဲရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်တဲ့ စုပေါင်းရုံး၊...
ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ဇူလိုင်လ၈ ရက်နေ့တွင် စစ်အာဏာရှင်ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် 7 July အထိမ်းအမှတ် အခမ်းအနားပြုလုပ်ကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသပိတ်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်မြို့တွင် ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြည်သူ့တော်လှန်ရေး အင်အားစုမှ တော်လှန်လူငယ်များ ဦးဆောင်၍ ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း...
ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၃နေရာမှ စစ်ရှောင်ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အလှူရှင်ကိုယ်စား ထမင်းတစ်နပ်ကို သွားရောက် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ကလေးမြို့နယ်တွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်းနှင့်အတူ ပူးပေါင်းကာ ဆဲဗင်းဂျူလိုင်အရေးတော်ပုံ ၆၂ နှစ်ပြည့်အထိမ်းအမှတ် လက်ကမ်းစာစောင်များကို တော်လှန်ပြည်သူများအား ဖြန့်ဝေသည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရုံပင်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၁ ဦး သေဆုံးပြီး ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၄...
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် PSTF နှင့် ပ.က.ဖ သတင်းပြန်ကြားရေး ရုံးအဖွဲ့က စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အရှေ့ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး ပြည်သူများ၏ နေအိမ်များ ထိခိုက်မှုများရှိနေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။ မိုးကုတ်မြို့ အနောက်ပိုင်းကို TNLA က...