![73](https://pantaing.com/wp-content/uploads/2023/06/73-6.jpg)
နှစ်စဉ်နှစ်တိုင်း သြဂုတ်၊ စက်တင်ဘာနဲ့ အောက်တိုဘာလ တွေမှာ ကရင်နီ လူမျိုးတွေ ပြုလုပ်လေ့ရှိတဲ့ “အဲဒိုပေါ်မီ မိစ္ဆာနှင်ပွဲ” ကို အစွဲပြု အမည်ပေးထားတဲ့ ကမ်ပိန်း ပြည်သူတွေ ဝိုင်းဝန်း ကူညီပေးကြဖို့ KNDF UAV ဒရုန်းတပ်ဖွဲ့က မေတ္တာရပ်ခံ ထားပါတယ်။
တိုက်ပွဲတွေကြောင့် အဲဒိုပေါ်မီ (ဒီးကူ) ပွဲကို ဒေသတိုင်း မပြုလုပ်တော့ပေမဲ့ ပေးထားတဲ့ အမည်အတိုင်း စစ်ကောင်စီကို ပွဲကာလအတွင်း နှင်ထုတ်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ကမ်ပိန်းကနေ ရရှိလာတဲ့ ရန်ပုံငွေတွေကို စစ်ကောင်စီတပ်တွေ ကြောက်ရတဲ့ ဒရုန်းတပ်ဖွဲ့ အတွက် နည်းပညာ အသစ်၊ ပုံအသစ်တွေ အားဖြည့်သွားမယ်လို့ ဆိုပါတယ်။
“အဲဒိုပေါ်မီ မိစ္ဆာနှင်ပွဲ” ကမ်ပိန်း ရည်မှန်းချက်မှာ ၁၅၀,၀၀၀ USD (မြန်မာကျပ်သိန်းပေါင်း ၄,၅၀၀) ရရှိဖို့ ဖြစ်ပြီး KNDF-UAV Department က ကိုယ်တိုင် ထုတ်လုပ်တဲ့ Long Range Fixed Wings UAVs တွေကို အမြောက်အများ ထုတ်လုပ်ကာ ဖက်စစ်မိစ္ဆာတပ်ကို အပြီးတိုင် နှင်ထုတ်သွားနိုင်ဖို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။