![82](https://pantaing.com/wp-content/uploads/2023/08/82.jpg)
အကြမ်းဖက်စစ်တပ်က ၇ လကျော်ကာလအတွင်း ပြည်သူ ၁၀၃၁ဦးကို ဖမ်းဆီးပြီးမတရားပုဒ်မတွေနဲ့ ထောင်ချထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း AAPPက ထုတ်ပြန်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ ဩဂုတ်လ ၁၁ ရက်နေ့အထိ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်အောက်ခံတရားရုံးတွေက မတရားပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူ အမျိုးသမီး (၁၈၀) ဦး၊ အမျိုးသား (၈၄၉) ဦးနဲ့ လိင်စိတ်ခံယူမှု ကွဲပြားသူ (၂) ဦး စုစုပေါင်း (၁၀၃၁) ဦး ရှိပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒီ (၁၀၃၁) ဦးမှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသူ အမျိုးသမီး (၉) ဦးနဲ့ အမျိုးသား (၆၈) ဦး စုစုပေါင်း (၇၇) ဦး ပါဝင်ပြီး သေဒဏ် ချမှတ်ခံထားရသူ အမျိုးသမီး (၅) ဦးနှင့် အမျိုးသား (၁၁) ဦး စုစုပေါင်း (၁၆) ဦး ပါဝင်တယ်လို့ သိရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမား တွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထား ရတာတွေနဲ့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကို ဆက်သွယ်ဖို့လည်း ဖော်ပြထားပါတယ်။
ကျဆုံးအချက်အလက်တွေအတွက်ဆိုရင် [email protected] အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက် အလက်တွေဆိုရင် [email protected] အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့ ဆက်သွယ် အကြောင်းကြားနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ကဖော်ပြထားပါတယ်။