
ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့နယ်၊ လောက်ကိုင်မြို့တွင် ယနေ့ ညနေပိုင်း ပစ်ခတ်မှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်မှု ဖြစ်နိုင်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၅ နာရီအချိန် လောက်ကိုင်မြို့၊ တုံးချိန်ရုံလိ ဟိုတယ်နားတွင် ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားခြင်းဖြစ်ပြီး အပြန်အလှန် ပစ်ခတ်မှု အတွင်း သေနတ်အချက်ရေ ၅၀ ကျော် ကြားရကြောင်း လောက်ကိုင်ရောက် ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
“အခုညနေ ၅ နာရီလောက်က လောက်ကိုင်မြို့ထဲ ပြည်သူ့စစ်အချင်းချင်းပစ်ကြတာလို့ ပြောတယ်။ သေနတ်သံဆက်တိုက်ပဲ။ တိုက်ပေါ်ကနေအပေါ်အောက်ကော ကားနဲ့ကော လိုက်ပစ်ကြတယ်။ လောက်ကိုင်မြို့ တုံချိန် အနီး ထာဝရအဝိုင်းနား။ သေနတ်သံ အချကိ ၅၀ ကျော်တယ်။