![81](https://pantaing.com/wp-content/uploads/2023/05/81-3.jpg)
Indonesian President Joko Widodo, center, stands with other leaders of the Association of Southeast Asian Nations to listen to ASEAN anthem during the 42nd ASEAN Summit in Labuan Bajo, East Nusa Tenggara province, Indonesia, Wednesday, May 10, 2023. (AP Photo/Achmad Ibrahim, Pool)
ရှမ်းပြည်နယ်တွင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးသံတမန်ယာဉ်တန်းတိုက်ခိုက်ခံရမှုကို အာဆီယံခေါင်းဆောင်များအားလုံးက ရှုတ်ချလိုက်ပြီး စစ်ကောင်စီအနေဖြင့် ငြိမ်းချမ်းရေးအစီအစဉ်ကို လိုက်နာဆောင်ရွက် ရန် တောင်းဆိုလိုက်ကြသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ယနေ့ ကျင်းပပြုလုပ်သည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ယင်းကဲ့သို့ ရှုတ်ချက်မှုနှင့် တောင်းဆိုမှု ထွက်ပေါ်လာခြင်းဖြစ်သည်။
“ကျနော်တို့အနေနဲ့ တိုက်ခိုက်ခံရမှုကို ရှုတ်ချပါတယ်။ ကျူးလွန်သူတွေအနေနဲ့ တာဝန်ခံရပါမယ်” ဟု အာဆီယံခေါင်းဆောင်များက ကြေညာချက်တွင် ပြောဆိုထားသည်။
အာဆီယံခေါင်းဆောင်များက မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး အလွန်စိုးရိမ်ကြောင်း ထုတ်ပြန်ပြောဆိုပြီး အကြမ်းဖက်မှုအားလုံးကို ရပ်တန့် ရန်၊ အင်အားသုံးဖြေရှင်းမှုများကို ရပ်တန့်ရန်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အချိန်မီ လုံခြုံစွာ ပေးအပ်နိုင်သော ဝန်းကျင် ဖြစ်ပေါ်ရေး ဆောင်ရွက်ပေးရန်၊ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှု လုပ်ရန် တောင်းဆိုထားသည်။