![36](https://pantaing.com/wp-content/uploads/2023/08/36-1024x667.jpg)
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှ ထွက်လာပြီး ကျောက်တန်းကျေးရွာ၌ ယာယီ တပ်စွဲ ထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင် ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မိုက်ခဲက ပြောကြားသည်။
ဇူလိုင်လ ၂၉ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်သင်္ဘော များကို လုံခြုံရေးယူပေးရန် ကျောက်ရစ်ရဲစခန်းမှ ထွက်လာပြီး မြစ်ကမ်းဘေးကျေးရွာတစ်ခုဖြစ်သော ကျောက်တန်းကျေးရွာ၌ တပ်စွဲကာ လုံခြုံရေးယူပေးနေသော အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်သား များကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၁ နာရီကျော်ကြာမြင့်ခဲ့ကြောင်း သိရသည်။
“ကျောက်တန်းရွာအနီးမှာရော၊ ရွာထဲမှာရော၊ ဘုန်းကြီးကျောင်းထဲမှာရော နေရာချတဲ့အချိန်မှာ ဝင် တိုက် ခဲ့တာ၊ စစ်ခွေးတွေနဲ့အနီးဆုံးကပ်လို့ရတဲ့နေရာအထိ ချဉ်းကပ်ပြီးတော့ တိုက်ခဲ့တာဗျ၊ ဒီနေ့ အထိ မပြန်ရဲသေးဘူး၊ ရွာထဲမှာပဲ ဝပ်နေတုန်းပဲရှိသေးတယ်၊ သင်္ဘောတွေကတော့ ကျော်သွားပြီ” ဟု Myingyan Black Tiger (MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို Myingyan Black Tiger (MBT)နှင့် အတူ ညီနောင်မဟာမိတ်များဖြစ်ကြသော သွေးသောက်တပ်ဖွဲ၊ Popa Production & Guerilla Force၊ ရွှေညာမြေ အထူးကွန်မန်ဒိုတပ်ဖွဲ ၊ ပုဂံပြည်ဘီလူးတပ် (Bagan Ogre Force)၊ ရန်ကြီးအောင်PDF ၊မြောင်မြိုနယ် ဒေါင်းမင်းကြီးတပ်ဖွဲ့တိုမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအ ထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။
“ရွာထဲအထိဝင်ကြည့်မရလို့သာ သေဆုံးထိခိုက်မှုက အတိအကျမပြောနို်ငတာ၊ ၄၀ မမနဲ့ ပစ်တာက သူတို့အပေါ် တည့်တည့်ကျတာ၊ စစ်မျက်နှာ ၂ ခုခွဲပြီးတိုက်ခိုက်ခဲ့ကြတာ၊ သူတို့ စစ်ခွေးသင်္ဘောတွေကို ကာဗာယူပြီး စစ်ကြောင်းပြန်မဆုတ်ခင် ရွာထဲမှာ စားသောက်နေတဲ့အချိန် ဝင်တိုက်ခဲ့တာ၊ ပုဂံဘီဘူးက နေရာဒေသမရွေးဘူးဆိုတာ စစ်ခွေးတွေသိစေချင်တယ်၊ အခုလဲ Myingyan Black Tiger တပ်ဖွဲ့က တပ် ကူခေါ်လို့ ဝင်တိုက်ပေးခဲ့တာပါ”ဟု Bagan Ogre Force PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။