ချင်းပြည်နယ် မင်းတပ်မြို့နေ ဒေသခံအမျိုးသားတစ်ဦး ဒီကနေ့မနက်မတ်လ (၁၈) ရက်နေ့ မနက်ပိုင်းလောက်မှာ မိုင်းနင်းမိလို့ ခြေတစ်ဖက် ပြတ်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မင်းတပ်မြို့ အရှေ့ပြင်ချောင်းနဲ့ ဘောင်ထဲရွာကြားက ဥယာဉ်ခြံကို သွားတဲ့ အရပ်သား အမျိုးသားတစ်ဦးဟာ စစ်ကောင်စီ ထောင်ထားတဲ့ နင်းမိုင်းနင်းမိလို့ ခြေတစ်ဖက်ပြတ်သွားတယ်လို့ သိရပါတယ်။
မိုင်းနင်းမိလို့ ခြေတစ်ဖက်ပြတ်သွားတဲ့ လူနာကို ဆေးရုံကို ဆေးရုံပို့ဆောင်ပေး နိုင်ဖို့ အကူအညီတောင်းထားရတဲ့ အခြေနေလို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုအလွန် မိုင်းနင်းမိလို့ သေဆုံးသူ အရပ်သား အယောက် ၂၀ ရှိပြီဖြစ်ပြီး ၃၇ ယောက်ကတော့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ၂၀၂၃ စက်တင်ဘာလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရသိရပါတယ်။