
စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ ဘုတလင်မြို့နယ်နှင့် ကနီမြို့နယ်ရှိ ကျေးရွာအုပ်စု တစုရှိ ပြည်သူ ၁၀၀ ကျော်ကို လူထုဖက်ဒရယ်လှုပ်ရှားမှု အနေဖြင့် ဖက်ဒရယ်သင်တန်းပို့ချခဲ့သည်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်တွင် စစ်ရေးအခြေအနေအရ စစ်ကောင်စီမရှိတော့သော နယ်မြေများတွင် ဖက်ဒရယ်စနစ်အား မည်သို့တည်ဆောက်ကြမည်။ လက်ရှိနွေဦးတော်လှန်ရေး၏ နိုင်ငံရေးအခြေအနေသည် ဖက်ဒရယ်လမ်းကြောင်းဆီ ဦးတည် မတည်၊ တော်လှန်ရေး၏ နိုင်ငံရေးယန္တရားများသည် ဖက်ဒရယ်စနစ်အရ ဖွဲ့စည်းထား မထား၊ ပြည်သူများ၏ ဖက်ဒရယ်ရည်မှန်းချက်များအကြောင်း ဆွေးနွေးတိုင်ပင်ရင်း ပြည်သူလူထုအား ဖက်ဒရယ်နိုင်ငံရေးစနစ်များအကြောင်း ရှင်းလင်းတင်ပြခဲ့ကြပါသည်။