![68](https://pantaing.com/wp-content/uploads/2023/05/68-7.jpg)
Soldiers in a truck on the streets of Yangon, Myanmar, Tuesday, Feb. 2, 2021. Claiming that elections in November were tainted by fraud, the commander in chief, Senior Gen. Min Aung Hlaing, declared a state of emergency on Monday, asserted himself as the nation’s leader, and placed Daw Aung San Suu Kyi and other civilian leaders in detention. (The New York Times)
ဖားကန့်မြို့ ၊ မရှိကထောင်ရပ်ကွက်တွင် KTV သို့ သွားသည့် စစ်ကောင်စီအရာရှိအချို့လိုက်ပါလာသော ကားကို ယနေ့ (မေလ ၂၃ရက်) နံနက်အစောပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ရာကားပျက်စီးသွားပြီးကရိန်းဖြင့် ဆွဲယူသွားကြောင်းဒေသခံများကပြောသည်။
မရှိကထောင်ရပ်ကွက် ကုန်းတက်တွင် နံနက် ၁နာရီခွဲခန့်က ကားတစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး စစ်ကောင်စီအရာရှိအချို့လိုက်ပါလာသော ကားဖြစ်ကြောင်း မိုးလင်းမှ သိရသည်ဟု ဒေသခံတစ်ဦးကပြောသည်။
“ကားကလဲကျသွားတာ။ ညဘက်ကြီးဆိုတော့ရှင်းရှင်းလင်းလင်းတော့မမြင်ရဘူး။ ပေါက်ကွဲပြီး မိနစ်အနည်းငယ်အကြာမှာ ကားတစ်စီးရောက်လာပြီး လူတွေတင်ခေါ်သွားတယ်။ နောက်နာရီဝက်လောက်အကြာမှာ ကရိန်းနဲ့ဆွဲတင်သွားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီအရာရှိအချို့အပါအဝင် ငါးဦးသည် KTV သို့ သွားမည်ဟု တပ်တွင်းဖရဲသီးသတင်းကြောင့် စောင့်ကြို၍ မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဖားကန့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးကပြောသည်။
” စကစအရာရှိတွေပါတဲ့ AD ဗင်ကားကို မိုင်းဆွဲတာ။ ကားက တခါတည်းထိုးရပ်သွားတယ်။ မနက် ၂နာရီမှာ ကရိန်းနဲ့ ဆွဲတင်သွားတယ်” ဟု အထက်ပါ ထောက်ပို့ရဲဘော်ကလည်းပြောသည်။
အဆိုပါကားမိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှူအခြေအနေကိုမူ မသိရသေးပါ။
မရှီကထောင်ရပ်ကွက်ရှိ HAPPY KTV တွင်ပြီးခဲ့သည့် ဧပြီလ ၂၃ရက်က စစ်ကောင်စီ၏ တပ်မ ၃၃ လက်အောက်ခံတပ်ရင်းခလရ(၁၃)စစ်ကြောင်းမှူး ရောက်ရှိနေစဉ် တော်လှန်ရေးအင်အားစုများက ပစ်ခတ်ရှင်းလင်းခဲ့သည်။