![65](https://pantaing.com/wp-content/uploads/2024/04/65-1-1024x576.jpg)
ဖယ်ခုံတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၀၀၄ တပ်ရင်းမှ တော်လှန်ရေး ရဲဘော်များ အပတ်စဉ် ၃ စစ်ရေး မွမ်းမံသင်တန်းကို ရက်ပေါင်း ၄၀ တိတိ ပြုလုပ်နိုင်ခဲ့ပြီး သင်တန်းဆင်း ဂုဏ်ပြုပွဲ အခမ်းအနားကို မတ်လ ၃၀ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်း ကာလအတွင်း ဝိုင်းဝန်းကူညီပေးသော ထောက်ပို့ အလှူရှင်များ နှင့် သင်တန်း ဆရာများ အားလုံးကို ကျေးဇူးတင်ရှိကြောင်းနှင့် တော်လှန်ရေး မပြီးသေးသ၍ ပြည်သူချစ်သော ရဲဘော်ရဲဘက်များ အားလုံးက စစ်အာဏာရူးများကို အမြစ်ပြတ်သည် အထိ ဖယ်ခုံတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၀၀၄ တပ်ရင်းက ဆက်လက် ချေမှုန်း သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။