
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဦးဆောင်ပြီး ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ နေ့လည်ပိုင်းတွင် လူထုသပိတ်လှုပ်ရှား ပြုလုပ်ခဲ့ကြသည်။
အဆိုပါလှုပ်ရှားမှုကို ‘လူထုအာဏာ တည်ဆောက်၊ လွတ်မြောက်ရေးအတွက် ဆက်လျှောက်’ဆိုသည့် ခေါင်းစဥ်နှင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံအမျိုးသမီး လူငယ်များအပါအဝင် ပြည်သူလူထု ပူးပေါင်းပါဝင်မှုနှင့်အတူ ချီတက်လှုပ်ရှားခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။