![Screenshot 2023-06-27 125648](https://pantaing.com/wp-content/uploads/2023/06/Screenshot-2023-06-27-125648.png)
တောင်ကိုရီးယားနိုင်ငံ၊ ဂွန်ဂျူးကြီးမြို့၊တော်လှန်ရေးရန်ပုံငွေဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲကို ယနေ့ ဇွန် ၂၅ ရက်နေ့တွင် ကျင်းပခဲ့ကြသည်။
ယင်း အခမ်းအနားကို မြန်မာအရေးအားပေးကူညီပေးနေသော ကိုရီးယားများက တာဝန်ယူပွဲကျင်းပပေးခြင်းဖြစ်ပြီး နွေဦးတော်လှန်ရေးဦးဆောင်ဆရာတော် ဒယ်ဂူးဘုန်းဘုန်းနှင့်တက်ကြွလှုပ်ရှားသူများ၊ ပွဲတာဝန်ခံများက အားပေးစကားအသီးသီးပြောကြားခဲ့ကြောင်း၊ ဒယ်ဂူးဘုန်းဘုန်းမှ ယခုအချိန်တွင် တော်လှန်ရေးအောင်မြင်ရန် အဓိကအချက်မှာ ရန်ပုံငွေထောက်ပို့နိုင်ရေး၊ပူးပေါင်းဆောင်ရွက်ရေး၊စည်းလုံးညီညွတ်ရေး၊တစ်ဖွဲ့နှင့်တစ်ဖွဲ့အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်ရေးတို့ လိုကြောင်း မိန့်ကြားခဲ့သည်။