![4](https://pantaing.com/wp-content/uploads/2024/04/4-3-1024x1022.jpg)
စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ အင်ကြင်းမှော်ရွာ၊ မနော်သာရွာနှင့် ကျွန်းကုန်းရွာတွင် ခမရ (၃၆၉၊ ၃၇၀) နှင့် ပျူစောထီး ပူးပေါင်းအင်အား (၃၀၀) ကျော် အခြေပြုနေသော စစ်စခန်း (၄) ခုအား သိမ်းပိုက်နိုင်ကြောင်း အမှတ် ၁ စစ်ဒေသက ယနေ့မနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားပါသည်။
အဆိုပါစစ်စခန်းများအား ပြည်သူ့ကာကွယ်ရေးတပ်များက မတ်လ (၃၀) ရက်မှ ဧပြီလ (၇) ရက်အထိ (၉) ရက်ကြာ တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်ပြီး လက်လုပ် သေနတ် အလက် (၂၀) အပါ လက်နက်ငယ်မျိုးစုံ (၁၃၁) လက်၊ ကျည်မျိုးစုံ (၁၃၀၀၀) ကျော်၊ ရှေ့ထွက်မိုင်း (၂) လုံး၊ ဗုံးသီးမျိုးစုံ (၄) လုံး၊ Drone Gun (၁) လက်၊ Station Jammer (၁) ခု၊ ဓားမျိုးစုံ (၃၀) ချောင်း၊ တရုတ် စကားပြောစက် (TSSD) (၁၆) လုံး သိမ်းဆည်းရသည်။
ယင်းစစ်ဆင်ရေးအား အထူးလှုပ်ရှား တပ်ရင်း (၄၊ ၈)၊ မော်လိုက်ခရိုင် တပ်ရင်း-၁၊ ခန္တီးခရိုင် တပ်ရင်း-၁၊ ဖောင်းပြင်မြို့နယ် ပကဖ နှင့် ဟုမ္မလင်းမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က ဆောင်ရွက်ခဲ့တာ ဖြစ်သည်။