![Screenshot 2023-06-23 182423](https://pantaing.com/wp-content/uploads/2023/06/Screenshot-2023-06-23-182423-1024x694.png)
မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုအမြောက် တပ်မှ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဆောမြို့နယ် ရွာသာကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီးကျောင်းထိုင်ဘုန်းကြီး အပါအဝင် ၇ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ဇွန်လ ၂၁ရက် ညနေ ၅နာရီကျော်တွင် ကျောက်ထု အမြှောက်တပ်အတွင်းမှ ပစ်လိုက်သော လက်နက်ကြီးသည် ရွာသာကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ည်ဟု ဆိုသည်။
ဒဏ်ရာရသူများမှာ စစ်ရှောင်နေသည့် အညာရွာကပြည်သူ လေးဦး၊ အကြည်ရွာမှ ပြည်သူ တစ်ဦး၊ ရွာသာကျေးရွာ ကျောင်းထိုင်ဘုန်းကြီးနှင့် ကိုရင်ကြီးတစ်ပါးတို့ဖြစ်ပြီး တစ်ဦးမှာစိုးရိမ်ရသည့် အနေအထားဟု အသိပေးသည်။
“ပြောချင်တာကတော့ဗျာစကစ ဘက်ကနေ PDF တွေမရှိဘဲနဲ့ ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ရမ်းသန်း ထုတာတွေ မလုပ်စေချင်တာပေါ့ဗျာ”ဟု ဒေသခံ သတင်းရင်းမြစ်က People’s Spring ၏ မေးမြန်းမှုကို ဖြေကြားသည်။
ထို့ပြင် ပုံတောင်မှဆင်းလာသည့် စစ်ကောင်စီ ယာဉ်တန်းသည် အကြည်ရွာအနီး ရောက်နေပြီဖြစ်ကြောင်း၊ ရှေ့ပြေး စစ်ကောင်စီတပ်အနေဖြင့်လည်း ကားတန်းနှင့်သိပ်မကွာဘဲရှိနေကြောင်း ဒေသခံက အသိပေးသည်။
“ညအချိန်ရွာကို ဝင်၊မဝင်စောင့်ကြည့်ဆဲပါခင်ဗျာ အနီးအနားကျေးရွာများမှ မိဘပြည်သူများအားလုံး သတိဝီရိယရှိရှိ နေထိုင်ကြပါခင်ဗျာ”ဟု ဒေသခံသတင်းရင်းမြစ်က ၎င်း၏ လူမှုကွန်ရက် ၌ ရေးသားထားသည်။
မင်းတပ်ဒေသခံ သတင်းရင်းမြစ်ကလည်း မင်းတပ် – ကျောက်ထုလမ်းတွင် စစ်ကောင်စီ ထောက်ပို့ယာဉ်တန်းနှင့် စစ်ကောင်စီတပ် စစ်ကြောင်း တက်လာနိုင်၍ ယနေ့ညပိုင်းမှစ၍ ဒေသကာကွယ်ရေးအဖွဲ့က လမ်းပိုင်းကို ခေတ္တပိတ်ထားသည်ဟု အသိပေးထားသည်။
![May be an image of text](https://scontent-fra3-1.xx.fbcdn.net/v/t39.30808-6/352683120_602407138624749_1875870863294200026_n.jpg?_nc_cat=103&cb=99be929b-3346023f&ccb=1-7&_nc_sid=8bfeb9&_nc_eui2=AeH3Habculj9ZhHiBLGbq0whgIP8VKrKdyOAg_xUqsp3I8qK9968v0P6eNmgxHheaS4&_nc_ohc=PU-_0D7OEbIAX9Z0Zmk&_nc_ht=scontent-fra3-1.xx&oh=00_AfAodUN7Jrm7E4Bd8fV3Ps8oTl9z2hti_jBXlsjx90_Obg&oe=649A1CA2)
All reactions:
411Thakhin Myo and 410 others