![58](https://pantaing.com/wp-content/uploads/2023/07/58-1-1024x609.jpg)
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲစခန်းနှင့် ချောင်းနှစ်ခွတံတားအနီးတပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၅ ဦးသေဆုံးခဲ့ကြောင်း Saw Dragon Force မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယနေ့ ဇူလိုင်လ ၂ ရက် နေ့လည် ၁၁ နာရီခန့်က ချောင်းခွတံတားထိပ်၌ အကြမ်းဖက် စစ်သားများ စုပြုံ ရောက်ရှိနေကြောင်း သတင်းအရ အဆိုပါ တံတားနှင့်အနီးရှိ ချောင်းနှစ်ခွရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦး သေဆုံးခဲ့ပြီး စစ်ဆင်ရေးပြီး တံတားကို ယာယီပိတ်ပစ်ကာ အကြမ်းဖက်စစ်တပ် စနိုက်ပါဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ရာ အနီးအနား၌ ဆိုင် ကယ်ဖြင့် သွားလာနေသော အသက် ၂၃ နှစ်အရွယ်ခန့်ရှိ အငြိမ်းစားဗိုလ်မှူး၏ သားဖြစ်သူ ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။
“ခွေးတွေဘက်က သတင်းလွှင့်တာတော့ ဒရုန်းနဲ့ထိတယ်ဆိုပြီးလွှင့်တာ၊ တကယ်တန်းကျတော့ သူတို့ စနိုက်ပါမိပြီး ရင်ဘတ်ပွင့်သေတာ၊ ကျနော်တို့ မှတ်တမ်းတွေအရလည်း အနီးအနားမှာ ဘယ်ပြည်သူမှ မရှိဘူး၊ ရဲစခန်းနဲ့တံတားက တစ်အိမ်ကျော်လောက်ပဲရှိတာ၊ နီးတယ်၊ လောလောဆယ် အဖွဲ့ရပ်တည်ဖို့ က အခဲအခက်ကြုံနေရလို့ ပြည်သူတွေအနေနဲ့ ထောက်ပံ့ကူညီပေးကြအုံးလို့ မေတ္တာရပ်ခံချင်ပါတယ်ဗျ” ဟု Saw Dragon Force မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို Saw Dragon Drone Force နှင့် Lion Battalion Commando – ဗျူဟာစစ် ကြောင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ Saw Dragon Drone Force တပ်ဖွဲ့အနေဖြင့် လက်ရှိ ဘတ်ငွေ အ ကြွေး တစ်သိန်းတင်နေပြီး ဆက်လက်ရည်တည်နိုင်ရန် အခက်အခဲဖြစ်ပေါ်နေသဖြင့် မိဘပြည်သူ များမှ ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။