ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့အတူ ၁၀၂၇ စစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်တိုက်ခိုက်နေတဲ့ ဗမာ ပြည်သူ့လွတ်မြောက်ရေးတပ်တော်( BPLA) ရဲ့ ကျဆုံးသွားသော ရဲဘော် ၄ ဦးကို အာဇာနည် အလေးပြုပြီးသေနတ်ပစ်ဖောက်ဂုဏ်ပြုခဲ့တယ်လို့ ကွပ်ကဲရေးရုံးက သတင်းထုတ်ပြန်ထားပါ တယ်။...
ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင် ကော်မတီနှင့် ဒေသပြည်သူများ ပူပေါင်းကာ စစ်အာဏာရှင် အမြစ်ပြတ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ယော်ယော်နှင့် ပြည်ပရောက်သူငယ်ချင်းများက လှူဒါန်းသော စားသောက်ကုန် ပစ္စည်းများကို KNDFနှင့် CDM ရဲဘော်များက သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်ရှိ စစ်ဘေးရှောင်များအတွက် အင်္ဂလန်နိုင်ငံနေ Sandee Mcgrath မှ လှူဒါန်းပေးသည့် ဆန်အလှူကို ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့၌ အစားအသောက်များ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်ရှိ CDM အချို့နှင့် ရန်ကုန်၊မန္တလေး၊ပဲခူး လေးမြို့နယ်က CDM ၂၇ ဦးကို တစ်ယောက်တစ်သိန်းကျပ်နဲ့ စုစုပေါင်း ၂၇ သိန်းကျပ်ကို အလှူရှင်ကိုယ်စား ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ်လူထုများ ဦးဆောင်သည့် အားမာန်သစ်သပိတ်စစ်ကြောင်းသည် အကြမ်းဖက်စစ်တပ်၊ မီးရှို့စစ်တပ်ကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်ကြောင်းမှူး ၂ ဦးအပါအဝင် ၈၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း NUG...
ယင်းမာပင်မြို့နယ် မြောက်ခြမ်း ကျေးရွာများ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့၌ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၃၁ ရက်နေ့က ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ ဒေါညေးခူကျေးရွာက နေအိမ်မှာ ပစ္စည်းပြန်လာယူတဲ့ စစ်ရှောင်အမျိုးသမီးနှစ်ဦးဟာ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် အစထိမှန်ခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။...