January 11, 2025
စစ်အုပ်စု လက်အောက်ခံ ပန်တိန်းရွာအခြေစိုက် အမှတ် (၁၀၀၄) နယ်ခြားစောင့်တပ်ရင်းဌာနချုပ်နှင့် ရွာသစ်ရွာ အခြေစိုက် အမှတ်(၁၀၀၅) နယ်ခြားစောင့်တပ်ရင်းဌာနချုပ်တို့ကို ထိန်းချုပ်ထားပြီဖြစ်ကြောင်း ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (KPLA)က ယနေ့ထုတ်ပြန်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း တပ်မဟာ (၁)စစ်ဒေသ၊ နမ့်ခမ်းမြို့ လွယ်အွမ်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ဒီဇင်ဘာလ ၄ရက်နေ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၅ လုံးထိခိုက်ပျက်စီးခဲ့သည်ဟု တအာင်းတပ်မတော် TNLA ပြန်ကြားရေးက သတင်းထုတ်ပြန်လိုက်သည်။...
မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၊ ဆားလင်းကြီးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဗလာစာအုပ်များ လိုအပ်နေသော ပြည်သူ့အခြေပြု စာသင်ကျောင်းနှစ်ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများကို...
ထောင်ဒဏ် ၁၂ နှစ်အမိန့်ချခံထားရတဲ့ တနသင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို မိသားစုနဲ့ ထောင်ဝင်စာတွေ့ဆုံခွင့် စစ်ကောင်စီဘက်က မပေးခဲ့ဘူးလို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဦးမြင့်မောင်ရဲ့မိခင်ဖြစ်သူဟာ ထောင်ဝင်စာတွေ့ဖို့အတွက် ဒီနေ့မနက်ပိုင်းက ထားဝယ်အကျဥ်းထောင်အဝင်ဝမှာ လာရောက်စောင့်ဆိုင်းခဲ့တယ်လို့...
ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် အမျိုးသမီးများဦးဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့ကြသည်။ အမျိုးသမီးမဟာမိတ်အင်အားစုရဲ့ ၁၆ ရက်တာလှုပ်ရှားမှုထဲက တရက်အဖြစ်ချီတက်ခဲ့ကြခြင်းဖြစ်ပြီး ကျေးလက်နေအမျိုးသမီးများ၏ တော်လှန်စိတ်ကိုပြသသည့်အနေဖြင့် တံစဥ်များ၊ တောင်းများကိုင်ကာ ခမောက်ကိုစောင်း၍ ချီတက်ခဲ့ကြခြင်း ဖြစ်သည်။
ထီးချိုင့်မြို့ကို စစ်ကူလာတဲ့ စစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ ထီးချိုင့်မြို့နယ်အရှေ့ခြမ်းမှာတိုက်ပွဲဖြစ်ပွားနေပြီး ထီးချိုင့်မြို့နယ်ထဲက နေရာ ၂ နေရာမှာ တိုက်ပွဲဖြစ်ပွားနေတာလို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ နိုဝင်ဘာ ၃၀ ရက်က ထီးချိုင့်မြို့သိမ်းတိုက်ပွဲ တကျော့ပြန်စတင်ခဲ့ပြီး...