February 9, 2025
ဆားလင်းကြီးမြို့နယ်တွင် ချင်းတွင်းမြစ်ကမ်းကျေးရွာများသပိတ်နှင့် သေမင်းတမန် ပျောက်ကြား တပ်ဖွဲ့တို့ပူးပေါင်းပြီး သေမင်းတမန်ခေါင်းဆောင် ကိုဗန့်ကျီကျဆုံးခြင်း ၁ နှစ်ပြည့်အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကြံခင်းမြို့တွင် ပြည်သူများက ယနေ့ ဇွန်လ ၁၂ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။
မကွေးတိုင်း မြိုင်မြို့နယ်အတွင်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုဆုတောင်းပွဲနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်ပွဲကို ယနေ့ ဇွန် ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့​ကြောင်း သိရှိရသည်။
ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ်စစ်ကြောင်းနှင့် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်တို့ ပူးပေါင်း၍ ယနေ့ ဇွန်လ ၁၂ ရက်နေ့၌ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ရန်ကုန်မြိုလယ်ရှိ သမ္မတရုပ်ရှင်ရုံတွင် ရန်ကုန်အင်အားစု Anti-Junta Alliance Yangon – AJAY မှ လူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါ ဆန္ဒပြမှုတွင် “လွတ်လပ်စွာအနုပညာဖန်တီးခွင့်ကို ကန့်သတ်ပိတ်ပင်သည့် ပုဒ်ထီးပုဒ်မများ...