စစ်ကိုင်းတိုင်း၊နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်အင်အားစုက ဦးဆောင်ပြီး ဒီနေ့ စက်တင်ဘာလ(၁၆)ရက်နေ့မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်းချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး အဖြစ် ဆက်လက် ခန့်ထားရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့၌ အညာပစ်တိုင်းထောင်လေးများ အဖွဲ့က မုန့်ဟင်းခါး ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ရွာငံမြို့နယ်ရှိ ကျေးရွာ ၆ ရွာကနေ တစ်နှစ်ကျော်ကြာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ အတွက် ရိက္ခာ၊ ဆေးဝါးနဲ့ အနွေးထည်တွေ လိုအပ်နေတယ်လို့ အကူအညီပေးသူ တစ်ဦးက ပြောပါတယ်။...
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ TNLA၊ PDF မိုးကုတ်ဗျူဟာ ပူးပေါင်းတပ်တို့ မနေ့ စက်တင်ဘာလ ၁၅ ရက်နေ့မှာ တိုက်ပွဲ ပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ် လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ စက်တင်ဘာလ...
ဒီးမော့ဆိုမြို့နယ်ရှိ တော်လှန်ရေး ရဲဘော်များကို ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့၌ ဖိလစ်ပိုင်နိုင်ငံမှ မတိုးလေးလှူဒါန်းမှုဖြင့် ကျေးလက်မြေအဖွဲ့ တာဝန်ခံ ဦးဇော်မင်းထိုက်က သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် မကွေးခရိုင် အမှတ် ၂ တပ်ရင်း၏ အခြေခံစစ်သင်တန်း အပတ်စဥ်-၂ မှ ရဲဘော်များက စစ်ဆင်ရေး လေ့ကျင့်ပြင်ဆင်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့၌ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ခန့်ထားရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ...