ထားဝယ်မြို့နယ်၊ ဟိန္ဒားရွာက စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေကလာရောက်ပစ်ခတ်ပြီးနောက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီနေ့မနက် ၁၁ နာရီလောက်က စခန်းတဝိုက်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နာရီဝက်ခန့်အကြာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။...
မန္တလေး၊ အိုးဘိုထောင်မှာ နိုင်ငံရေးအမှုနဲ့ ထောင်ကျနေတဲ့အမျိုးသမီးတွေကို မနက်အစောပိုင်းမှာ ရေထချိုးခိုင်းပြီး လေသာဆောင်မှာ ထမီရင်ရှားနဲ့ပုံစံထိုင်ခိုင်းတာတွေပြုလုပ်တာကြောင့် အမျိုးသမီး ၄ ပုံ ၃ ပုံလောက် နာမကျန်းဖြစ်ပြီး ဆေးကုသခွင့်လည်းမရဘူးလို့ နိုင်ငံရေးအကျဥ်းသား မိသားစုဝင်တွေဆီက...
ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ်လူထု သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
လက်ပံတောင်းတောင်ဒေသတွင် ပြည်သူများ စုပေါင်း၍ “China: Stand Together with the Oppressed People of Myanmar for Our Future” ခေါင်းစဥ်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး...
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ထဲ နမ္မတူဘက်က အဝင်လမ်းကို စစ်ကောင်စီက ဒီဇင်ဘာ ၂၅ ရက်နေ့ကစပြီး ယာယီ ပိတ်ထားတာကြောင့် နမ္မတူက စစ်ရှောင်အများအပြားဟာ မန်စံရွာမှာ ပိတ်မိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လားရှိုးကနေ...
ဆားလင်းကြီးမြို့နယ် မီးလောင်အိမ်ခြေ ၆၅၀အတွက် အညာပစ်တိုင်းထောင်လေးများအဖွဲ့က စောင်အထည် ၆၅၀ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ...
ဗိုလ်အယ်စေးဝါး ဦးဆောင်တဲ့ Lion Battalion Commando စစ်ကြောင်းအား KNLA တပ်မဟာ (၆) လက်အောက်ခံစစ်ကြောင်း အဖြစ်သို့ တရားဝင်ကူးပြောင်းလိုက်ပြီဖြစ်တယ်လို့ စစ်ကြောင်းမှူး ဗိုလ်အယ်စေးဝါးက ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။...
ကရင်ပြည်နယ်၊ရေးမြို့နယ် အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) ဒေါနစစ်ကြောင်းမှရဲဘော်များက ဒေသ ခံပြည်သူများအား လိုက်လံတွေ့ဆုံခဲ့တယ်လို့ Dawna Column မှ ဒီနေ့ ရက်စွဲနဲ့ အသိပေး ဖော်ပြထားပါတယ်။...
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနရုံး၊ တရားရုံးနှင့် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။ အဆိုပါ သုံးနေရာကို...