ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီက လုံခြုံရေးအကြောင်းပြချက်ဖြင့် ညပိုင်းကင်းလှည့်နေပြီး လူဖမ်းကာ ပေါ်တာဆွဲမည်ဟူသော သတင်းများထွက်ပေါ်နေသည်။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကဦးဆောင်နေသည် ၁၀၂၇ စစ်ဆင်ရေးကြောင့် အထိနာနေသည့် စစ်ကောင်စီတပ်သည် နိုဝင်ဘာလဆန်းမှစ၍ ဧရာဝတီတိုင်းအတွင်း ဝင်ပေါက်မြို့များ၌ လုံခြုံရေးယူသည်။...
English – General
ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ်လူထုများ ဦးဆောင်သည့် အားမာန်သစ်သပိတ်စစ်ကြောင်းသည် “၁၀၂၇လှိုင်းတွေကို အောင်သပြေနဲ့ ကြိုဆို ဖက်ဆစ်တပ်ကို စွန့်ခွာကြ၊ ပြည်သူ့ရင်ခွင်ခိုလှုံကြ”စာသားကို ကိုင်ဆောင်ကာ ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုကြောင်းနှင့် အကြမ်းဖက်စစ်တပ်၊ မီးရှို့စစ်တပ်ကို အလိုမရှိကြောင်း...
လောင်းလုံးမြို့နယ်တွင် နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂ (RWU) မှ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံ၊ဖျောင်းထက်မြိုနှင့် ဒယ်ဂူးမြို့များတွင် ရန်ပုံငွေထောက်ပို့နိုင်ရေးအလှူခံခဲ့ပြီး စစ်အာဏာသိမ်းမှုအလိုမရှိကြောင်းဆန့်ကျင်ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။ ဆန္ဒပြပွဲတွင် ဒယ်ဂူး ဘုန်းဘုန်းမှ နွေဦးတော်လှန်ရေးတွင် ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသူနိုင်ငံသားတို့ ယခုအချိန်တွင် စည်းရုံးမှု ညီညွတ်မှု ပေါင်းစည်းမှုအဓိကကျပြီး ထောက်ပို့မှုကိုအရှိန်အဟုန်မြင့်ဆောင်ရွက်သင့်ကြောင်း အသိပေးတိုက်တွန်းစကားဆိုခဲ့ကြောင်း...
ကယားပြည်နယ်တွင် နေ့စဉ်တိုက်ပွဲများပြင်းထန်နေပြီး စစ်ဘေးရှောင်လာရပြီး အခက်အခဲဖြစ်နေသည့် ပြည်သူအချို့အတွက် ငွေကျပ်ခြောက်သိန်းခွဲနှင့် မကွေးရှိ CDM လေးဦးအတွက် လေးသိန်းကျပ် စုစုပေါင်း ဆယ်သိန်းငါးသောင်းကျပ်ကို ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ လှူဒါန်းပေးခဲ့ကြောင်းသိရှိရသည်။
ဧရာဝတီတိုင်း ၊ ကြံခင်းမြို့နယ်တွင် သပိတ်ကော်မတီဝင်များက ဦးဆောင်၍ “တလှိုင်းပြီး တလှိုင်းလာမယ် “စာတန်းကို ကိုင်ဆောင်၍ ညသပိတ်ပြုလုပ်ခဲ့ကာ အဆိုပါ ပြောက်ကျား သပိတ် ဆောင်ရွက်အပြီး စာတန်းကို ကြံခင်းမြို့နယ်အတွင်းရှိ ပုသိမ်-မုံရွာ...
ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို ဒူဘိုင်းနိုင်ငံမှ ကိုလင်း လှူဒါန်းပေးသော ဝက်သားကြော်၊ငါးခြောက် ခရမ်းချဉ်သီးချက်၊ ချဉ်ပေါင်နီ သီးပဲဆံထောင်း၊ ငပိကြော် အသားတု၊ ခေါက်ဆွဲ၊ ကြာဇံ အရည်သောက် တို့ကို အလှူရှင်ကိုယ်စား ကျေးလက်မြေအဖွဲ့...
ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့အဝင် ကယန်းသာယာလမ်းခွဲ စခန်းသိမ်း ပိုက်စဉ် ရရှိခဲ့သည့် လက်နက်ခဲယမ်းများ မှတ်တမ်းဓာတ်ပုံကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ပြသခဲ့သည်။ အဆိုပါတပ်စခန်းကို ကရင်နီတော်လှန်ရေးအဖွဲ့အစည်းများက သိမ်းပိုက် ရရှိခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီး...
ကရင်နီပြည်နယ်က တော်လှန်ရေး အင်အားစုတွေထံ ပို့ဆောင်မယ့် လက်နက် အများအပြား နိုဝင်ဘာလ ၁၆ ရက်နေ့၊ ညနေပိုင်းက ဖမ်းဆီးရမိ ခဲ့တယ်လို့ စစ်ကောင်စီက မနေ့က ထုတ်ပြန်ပါတယ်။ ပင်လုံမြို့နယ်၊ ပန်မုန့်...
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မန်ဖာရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA က ယမန်နေ့က သိမ်းပိုက်နိုင်ခဲ့ကြောင်းနှင့် ပြည်သူ့စစ်အချို့လည်း အညံ့ခံဝင်ရောက်လာကြောင်း သိရသည်။ မန်ဖာရွာရှိ ခမရ (၅၆၇) တပ်စခန်းကို ယမန်နေ့ နိုဝင်ဘာ...