February 24, 2025

English – General

နိုဝင်ဘာလ ၁၁ ရက်နေ့က လွိုင်ကော်မြို့မှာ (၁၁.၁၁) စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း ရှမ်းပြည်ကိုတိမ်းရှောင်သွားတဲ့ ကရင်နီစစ်ရှောင်တွေဟာ စားနပ်ရိက္ခာအခက်အခဲကြောင့် နေရပ်ပြန်ပြီး ရိက္ခာနဲ့ ပစ္စည်းတွေကို သယ်ယူရာကနေ စစ်ကောင်စီရဲ့ ပစ်ခတ်မှုခံရသူရှိတယ်လို့ ရှမ်းပြည်ရောက်...
ခရစ္စမတ်နေ့ရက်ဖြစ်တဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ တစ်ရက်အတွင်း လွိုင်ကော်မြို့ကို စစ်ကောင်စီက လေယာဉ်နဲ့ ၃၄ ကြိမ် ဗုံးကြဲခဲ့ပြီး ပေါင် ၅၀၀ဗုံးသီးတွေကိုလည်း အသုံးပြုပြီး တိုက်ခိုက်တာရှိတယ်လို့ ကရင်နီပြည်တပ်မတော် (KA)...
နတ်သံကွင်းမြို့က စစ်ကောင်စီတပ်ဂိတ်စခန်းသိမ်းတိုက်ပွဲမှာ ကေအဲန်ယူ တပ်မဟာ ၃၊ တပ်ရင်း (၉) မှာ တာဝန် ထမ်းဆောင်နေတဲ့ မြိတ် နည်းပညာ တက္ကသိုလ်ကျောင်းသားတစ်ဦး ကျဆုံးခဲ့ပါတယ်။ ကျဆုံးခဲ့တဲ့ကျောင်းသားက အသက် ၂၄...
နှစ်ဖက်တိုက်ပွဲတွေနဲ့အတူ စစ်ရေးပြင်းထန်နေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ် ရှိ ဒေသခံနေအိမ် ၄၀ နီးပါးဟာ ဒီဇင်ဘာ ၂၅ ရက်နေ့ ညပိုင်းက မီးရှို့ဖျက်ဆီးခံရတာကြောင့် မီးလောင်ပြာကျသွားခဲ့တယ်လို့ ဒေသခံ တွေကနေ သိရပါတယ်။...
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မိုးကုတ် – မန္တလေးလမ်းပိုင်းပေါ်ရှိ ချောင်းကြီးကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်နေ၍ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ ယနေ့(ဒီဇင်ဘာ၂၇ရက်)နံနက် ၈နာရီခွဲခန့်ကတစ်ကြိမ်၊ ၉ နာရီခန့်တွင် တစ်ကြိမ်...
ချောင်းဦးမြို့နယ်၊ညောင်ပင်တဲကျေးရွာမီးဘေးသင့်ကလေးငယ်များကိုhope for people က အလှူရှင်များကိုယ်စား အနွေးထည်များလှူဒါန်းပြီး ထမင်းတနပ်စာကျွေးမွေးခဲ့ကြောင်း သိရှိရသည်။
လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)နှင့် လူထုစည်းရုံး လှုံ့ဆော်ရေးဆပ်ကော်မတီတို့ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့၌ တော်လှန်ရေး ရုပ်ရှင်ပြသပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်း၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီအနေဖြင့် ယနေ့ ဒီဇင်ဘာလ(၂၆)ရက်နေ့ညတွင် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ ပြည်သူလူထုအား သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သော ကိုတေဇာဆန်း နှင့် တော်လှန်အနုပညာရှင်ရဲဘော်များက လက်ရှိတော်လှန်ရေးအခြေအနေများနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်ရမည့် အခြေအနေများအား တင်ပြစည်းရုံးသည့် ရုပ်ရှင်များ...
စစ်ကိုင်းတိုင်း ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၁၀၀၇ရက်မြောက်နေ့တွင် ကိုဖိုချမ်း ကျဆုံးခြင်း ၂နှစ် ၉လပြည့်နေ့ဖြစ်သည့်အတွက် ကိုဖိုးချမ်းဂူဗိမာန်ဆီသို့ ချီတက်အလေးပြုခဲ့ကြကာ စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။
ထားဝယ်မြို့နယ်၊ ဟိန္ဒားရွာက စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေကလာရောက်ပစ်ခတ်ပြီးနော​က် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ​ဒေသခံတွေကပြောပါတယ်။ ဒီနေ့မနက် ၁၁ နာရီလောက်က စခန်းတဝိုက်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နာရီဝက်ခန့်အကြာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။...