July 15, 2025

English – General

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူရှိ ပြည်သူများမှ ယနေ့ အောက်တိုဘာ ၂၉ ရက်နေ့တွင် “တော်လှန်အေလင်းဆောင် ရက်တစ်ထောင် မျှဝေကူညီပြည်သူ့အောင်ပွဲဆီ” စာသားနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် မြန်မာစစ်အာဏာသိမ်းမှု ရက် ၁၀၀၀ ပြည့်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ယနေ့ ဆန္ဒပြကြကြောင်းအဆိုပါ ဆန္ဒပြပွဲသို့ အဆို တော် နိုဗန်ထူးလာရောက် ပါဝင်ခဲ့ကြောင်း သိရှိရသည်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တိုက်ပွဲဖြစ်ပွားနေသည့် အရပ်ဒေသများသို့ ပြည်သူများအနေဖြင့် ခရီးသွားလာခြင်း မပြုလုပ်ကြရန် TNLA က အသိပေးလိုက်ပါသည်။ မဖြစ်မနေခရီးသွားလာရမည် ဆိုပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၊ တပ်ရင်းတပ်ဖွဲ့များထံ သတင်းပို့ ခွင့်ပြုချက်တောင်းခံသွားရန်...
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကျွန်းချောင်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၀ ကျော်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ အောက်တိုဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၂...
ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာအချို့က လာမယ့် နိုဝင်ဘာလမှာ သင်္ချိုင်းကုန်းဆုတောင်းပွဲပြုလုပ်ဖို့အတွက် ‌သင်္ချိုင်းကုန်းသန့်ရှင်းရေးကို ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ နှစ်စဥ် နိုဝင်ဘာလအတွင်းမှာ ခရစ်ယာန်ဘာသာဝင်တွေရဲ့ သင်္ချိုင်းကုန်းဆုတောင်းပွဲကို ပြုလုပ်ကြတာဖြစ်ပါတယ်။...
ကန့်ဘလူမြို့နယ်တွင် ”တော်လှန်အလင်းရောင် ရက်တစ်ထောင် မျှဝေကူညီ ပြည်သူ့အောင်ပွဲဆီ”ခေါင်းစဥ်ဖြင့် အောက်တိုဘာလ ၂၉ ရက်နေ့ညနေပိုင်း(သီတင်းကျွတ်လပြည့်နေ့)တွင် တော်လှန်ရေးရဲဘော်များသည် ပြည်သူလူထုနှင့်အတူ စုပေါင်း မီးသပိတ်ဖြင့် ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။