July 31, 2025

English – General

KNUတပ်မဟာ၁ အုပ်ချုပ်နယ်မြေတွင် အခြေချနေထိုင်သည့် စစ်ကောင်စီတပ်စခန်းအတွက် လေယာဉ်ဖြင့် ပို့ဆောင်ကျဲချခဲ့သည့် ၄၀မမကျည်၊လက်ပစ်ဗုံးနှင့်ဆေးဝါးပါပစ္စည်း ၃ ထုပ်ကို ယနေ့မနက်၈နာရီအချိန်တွင် KNU/KNDO|PDFပူးပေါင်းအဖွဲ့တို့သိမ်းဆည်းရမိတယ်လို့တပ်မဟာထိပ်ပိုင်းတာဝန်ရှိသူထံမှသိရှိရပါတယ်။ ဝင်းတာပန်စခန်းတိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်ရဟတ်ယာဉ်ဖြင့်လာရောက်ကျဲချလာသည့်ပစ္စည်းပုံးများကိုKNU/KNDO |PDFပူးပေါင်းအဖွဲ့တို့၅ပုံးမြောက်အထိသိမ်းဆည်းရမိနေပြီး ထိုအထဲတွင် ကျည်ဆံ၊လက်ပစ်ဗုံး၊ဆေးဝါးများ လည်းပါဝင်နေတယ်လို့ဆိုပါတယ်။...
နိုင်ငံခြားက ဟွန်ဒီစနစ်ဖြင့် ငွေလွဲသူနှင့်ငွေထုတ်သူ လူ ၂၀ဦးကို အရေးယူထားကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ် ဇန်နဝါရီ ၁၃ ရက်က ထုတ်ပြန်သည်။ နိုင်ငံခြားငွေလိုအပ်ချက်ကြီးမားနေသည့် စစ်ကောင်စီက ပြည်ပရောက်မြန်မာအလုပ်သမားများ၏ လုပ်ခလစာများကို ပြည်တွင်းပြန်ပို့ရာတွင်...
ရှမ်းပြည်နယ်တောင်ကြီးမြို့မှာ ပြုလုပ်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ အလိုမရှိ ဆန္ဒပြပွဲမှာ စစ်ကောင်စီက ကရင်နီ စစ်ဘေးရှောင်တွေကို ဖိအားပေးပါဝင်ခိုင်းခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ တောင်ကြီးမြို့အတွင်း ဧည့်စာရင်းတိုင်ထားကြတဲ့ ကရင်နီစစ်ဘေးရှောင်တွေဟာ မနေ့...
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်စီးအောင် စစ်‌ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်များက ခရီးသည်တင်ကားများအား လူသားဒိုင်းအဖြစ် ညအချိန်ထိန်းသိမ်းထားကြောင်း ခရီးသွားပြည်သူတစ်ဦးထံမှ သိရသည်။ နန်စီးအောင်ဂိတ်မှ စစ်ကောင်စီစစ်သားများသည် ညနေ ၅ နာခွဲအချိန်တွင် ဂိတ်ပိတ်ပြီး နံနက်...
ယင်းမာပင်မြို့နယ် ၊ ရွှေနွယ်သွေးသပိတ် စစ်ကြောင်းက ရက်ပေါင်း ၉၀၆ မြောက်အဖြစ်နဲ့ အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဆန္ဒပြသပိတ်ပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြ တော်လှန်ပြည်သူတွေက “ရွှေနွယ်သွေးသပိတ်စစ်ကြောင်း” ဆိုတဲ့ စာသားကိုကိုင်ဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင်...
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင် မဟာမိတ် ၃ ဖွဲ့နှင့် အကြမ်းဖက် စစ်တပ်တို့ အပစ်အခတ် ရပ်စဲထားသော်လည်း မိုးကုတ်မြို့နယ်နှင့် လားရှိုးမြို့နယ်တို့ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက...
ယင်းမာပင်မြို့နယ် မြောက်ခြမ်းကျေးရွာများသပိတ်က ဒီနေ့မှာ အကြမ်းဖက်စစ်တပ် ကျရှုံးရေးအဖြစ်နဲ့ ချီတက်ဆန္ဒပြ ပွဲကို ပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြ တော်လှန်ပြည်သူတွေက “ယင်းမာပင်မြို့နယ် မြောက်ခြမ်းကျေးရွာများသပိတ်” ဆိုတဲ့ စာသားကို ကိုင်ဆွဲပြီး အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဟစ်ကြွေး...
ယင်းမာပင်မြို့နယ်မှာ “အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း” က အကြမ်းဖက် စစ်တပ် ကျရှုံးရေးဆန္ဒပြသပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြတော်လှန်ပြည်သူတွေက အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း” ဆိုတဲ့ စာသားကို ကိုင်ဆွဲပြီး...
မကွေးတိုင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – ပကဖ တပ်ခွဲ(၂) မွမ်းမံ သင်တန်းဆင်းပွဲကို မနေ့က ပြုလုပ်ခဲ့ပြီး အများပြည်သူ ထောက်ပံ့လှူဒါန်းမှုနဲ့ ဝယ်ယူထားတဲ့ စစ်လက်နက်ပစ္စည်းတွေကို သင်တန်းဆင်း ရဲဘော်တွေထံ...