![117](https://pantaing.com/wp-content/uploads/2024/04/117.jpg)
K-pop megaband BTS အဖွဲ့ဝင် V သည် စစ်မှုထမ်းနေဆဲဖြစ်သော်လည်း Billboard Hot 100 main singles chart တွင် နောက်ထပ်အောင်မြင်မှု၁ခု စိုက်ထူနိုင်ခဲ့သည်။
![](https://thadinn.com/wp-content/uploads/2024/04/121-768x1024.jpg)
သူ၏နောက်ဆုံးထွက် ဒစ်ဂျစ်တယ်တေးသီချင်း “FRI(END)S” သည် 25th March အင်္ဂါနေ့ (အမေရိကန်စံတော်ချိန်) တွင် နံပါတ် 65 ဖြင့် ပွဲဦးထွက်ခဲ့သည်။
ယခုသီချင်းသည် ကိုရီးယားဒရာမာစီးရီး “Our Beloved Summer” အတွက် soundtrack ဖြစ်သော”Christmas Tree” – နံပါတ် 79 , V ၏ ပထမဆုံးတစ်ကိုယ်တော်အယ်လ်ဘမ် “Layover” တွင်ပါဝင်သည့် “Love Me Again” – နံပါတ် 96 နှင့် “Slow Dancing” – နံပါတ် 51 ပြီးနောက် ယခု Billiboard Hot 100 ဇယားတွင် V ၏ စတုတ္ထမြောက်ဝင်ရောက်မှုဖြစ်သည်။
![](https://thadinn.com/wp-content/uploads/2024/04/122-576x1024.jpg)
မတ်လ 15 ရက်နေ့တွင်ထွက်ရှိခဲ့သော “FRI(END)S” သည်ယမန်နှစ်စက်တင်ဘာလတွင်ထွက်ရှိခဲ့သော “Layover” နောက်ပိုင်းတွင် V ၏ပထမဆုံးတစ်ကိုယ်တော်ပရောဂျက်ဖြစ်သည်။ တပုဒ်လုံး ကို English ဘာသာဖြင့်ရေးသားထားသည့် pop-soul အမျိုးအစား သီချင်းသည် သူငယ်ချင်း ၁ယောက်ကိုချစ်မိနေကြောင်း ဝန်ခံခြင်းအား ပုံဖော်ထားသည့် ချိုမြိန်သော အချစ်သီချင်းဖြစ်သည်။
![](https://thadinn.com/wp-content/uploads/2024/04/123-682x1024.jpg)
အဆိုပါသီချင်းသည် သောကြာနေ့တွင် British Official Singles Top 100 ဇယားတွင်လည်း နံပါတ် 13 နေရာမှ ပွဲဦးထွက်ခဲ့သည်။