April 30, 2025

Kyaw Kyaw, Tha Din

မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့်ဒေသခံပြည်သူလူထုပူးပေါင်းကာ ယနေ့ ဇန်နဝါရီလ ၆ ရက်နေ့တွင် “တိုက်ပွဲကိုညီ အောင်ပွဲကိုချီ ပြည်သစ်ကိုတည်” ၊ “ချစ်ခြင်းမေတ္တာနဲ့ဉာဏ်ပညာဖြင့်သာ တော်လှန်ရေးကို ချီတက်ကြ” စသည့် စာသားပါဘန်နာများကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်တိုက်ပွဲ ပြုလုပ်ခဲ့ကြသည်။
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့အတွင်းရှိ အာဏာသိမ်း စစ် ကောင်စီတပ်သည် ၎င်းတပ်ဖွဲ့ဝင်များအား ရိက္ခာနှင့် လက်နက်ခဲယမ်းများပို့ဆောင်နိုင်ရေးအတွက် လေကြောင်းတိုက်ခိုက်မှုများကို အဆက်မပြတ် လုပ်ဆောင်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်သည်။ ဇန်နဝါရီ...
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခုကို တိုက်ခိုက်ခဲ့ပြီး တပ်ကူလာသည့်ယာဥ်ကိုပါ မဟာမိတ်ညီနောင်များနှင့်အတူ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)က ယနေ့(ဇန်နဝါရီ ၆)ထုတ်ပြန်သည်။ ဇန်နဝါရီ ၁ ရက် နံနက်...
စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒီဇင်ဘာလအတွင်း ကရင်နီပြည်သူ ၇ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့-KnHRG က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အဲ့ဒီ သေဆုံးသူတွေဟာ အမျိုးသမီး ၂ ဦး၊...
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒကစရှိ လက်နက်တိုက်များ MNDAA က စတင်ရှင်းလင်းနေပြီး သံချပ်ကာကား၊ ထောင်ချီရှိသောလက်နက်များ၊ ခဲယမ်းများ ၊ လက်နက်ကြီးကျည်များ စတင်သယ်ယူနေကြောင်း သိရှိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒကစနှင့် “နမ်ထင်းမိန်ရှန်း” တောင်ကုန်းစခန်းမှ...
စစ်ကိုင်းတိုင်း၊ ကနီမြို့မရဲစခန်းမှ ရဲမေတစ်ဦးသည် ငါးလသားအရွယ်ရင်သွေးငယ်နှင့်အတူ လက်ပစ်ဗုံး တစ်လုံး ယူဆောင်ကာ အလင်းဝင်လာကြောင်း အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (Anti-Dictatorship People Revolution’s Army)၏ တာဝန်ရှိသူက ပြောသည်။ ကနီမြို့မရဲစခန်းမှ...
မြိတ်ကနေ တခြားမြို့တွေကို နယ်ကျော်သွားလာသူတွေဟာ သုံးဘီးယာဉ်စီးနိုင်တဲ့ ကန့်သတ် လူဦးရေကြောင့် သွားလာရာမှာ အခက်အခဲ ဖြစ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လွန်ခဲ့တဲ့နှစ်ပတ်ခန့်ကစပြီး သုံးဘီးယာဉ်တွေမှာ ခရီးသည်နှစ်ဦးထက်ပိုတင်လာရင် စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေက ဖမ်းဆီးတာတွေ လုပ်ဆောင်လာတာပါ။...
မြေလတ်ဒေသဖြစ်တဲ့ စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်းအတွင်းရှိ အကျဥ်းထောင်တွေက လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာသူတွေ အထဲမှာ နိုင်ငံရေးအကျဥ်းသား ၁၃ ဦးသာပါဝင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်ထံက သိရပါတယ်။ လွတ်လာတဲ့နိုင်/ကျဥ်း ၁၃ ဦးမှာ...
မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ စစ်ကောင်စီ​၏ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၄)မှ ကျေးရွာများအား လက်နက်ကြီးဖြင့် ယနေ့ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ မကွေးတိုင်းအတွင်းရှိ ကာကွယ်ရေးပစ္စည်းစက်ရုံများမှ လက်နက်ခဲယမ်းများသယ်ဆောင်ရန် စစ်ကောင်စီက စီစဉ်နေပြီးနောက် ယခုလိုကျေးရွာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်ဟု...
ဆားလင်းကြီးမြို့နယ်တွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့က အလှူရှင်ကိုယ်စား စစ်ဘေးရှောင်ပြည်သူများကို ထမင်းနှင့် ဟင်းလှူဒါန်းခဲ့ကြောင်း သိရှိရသည်။