ကြံခင်းမြို့တွင် ပြည်သူများက ယနေ့ မတ် ၇ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။
Kyaw Kyaw, Tha Din
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၇ ရက်နေ့တွင် “ဓားရဲ့တရားဆိုတာဝင့်ရုံနဲ့မရရှေ့တိုးပြီးခုတ်မှရမယ်” ဆိုတဲ့ စာတန်းကိုကိုင်ဆောင်ပြီး စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ဆားလင်းကြီးမြို့နယ် စစ်ရှောင်ပြည်သူများကို အလှူရှင်များ ကိုယ်စား ထမင်းတစ်နပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် သပိတ်အင်အားစုများနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ နိုင်ငံတကာအမျိုးသမီးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဟောပြောပွဲကို ယနေ့ (မတ်လ ၇) က ပြုလုပ်ခဲ့သည်။ ယင်းဟောပြောပွဲတွင် သပိတ်ဦးဆောင်သူတို့က ဒေသခံပြည်သူလူထုအား...
ကရင်ပြည်နယ် ၊မြဝတီမြို့နယ် ၊သင်္ဃန်းညီနောင်ဒေသမှာရှိတဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ ၃၅၅ ကို ဒီနေ့ မတ်လ ၇ ရက်မနက်ပိုင်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU ) နဲ့ ပူးပေါင်းတပ်တွေ...
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အကြိုလှုပ်ရှားမှုကို ကျေးလက်မြေအဖွဲ့အတူ ဒေသပြည်သူများပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောအကျဥ်းထောင်ထဲမှာ သားကိုမမိလို့ အဖမ်းခံခဲ့ရပြီး ထောင် ၁၄ နှစ်ချခံထားရတဲ့ ဖခင် အချိန်မှီဆေးကုသခွင့်မရတဲ့အတွက် သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။ သေဆုံးသူဟာ ဝေါမြို့နယ်၊ ကဒွတ်ကျေးရွာနေ...
ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ လွယ်ဝိုးတောင်ကျေးရွာမှာ စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNA) က ပအိုဝ်းအမျိုးသားဝတ်စုံ ဝတ်ဆင်ပြီး ရှေ့တန်းထွက်နေတယ်လို့ ရွာခံတွေက ပြောပါတယ်။ စစ်ကောင်စီ၊ PNA ပူးပေါင်းတပ်တွေက ဒီနေ့...
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ က စစ်ကောင်စီနဲ့လက်အောက်ခံပြည်သူ့စစ် PNO ထိန်းချုပ်ထားတဲ့ ဆိုက်ခေါင်ဈေးမှာ ဒေသခံမဟုတ်တဲ့ ပြင်ပဈေးသည်တွေကို ရောင်းချခွင့်မပေးတော့ဘဲ ဒီနေ့ မတ်လ ၇ ရက် က စပြီး ပိတ်ခံရတယ်လို့...
တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF ဆေးဘက်ဆိုင်ရာအဖွဲ့က ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)က ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ လောင်းလုံးမြို့နယ်အတွင်း ၂၀၂၃ခုနှစ် ဒီဇင်ဘာကနေ ၂၀၂၄ခုနှစ်...