![92](https://pantaing.com/wp-content/uploads/2024/05/92.jpg)
BTS အဖွဲ့မှ V ဟုလူသိများသော Kim Taehyung သည် သူ၏ စစ်မှုထမ်းဘဝမှ စိတ်လှုပ်ရှားဖွယ်ရာ သတင်း update ကို ပရိတ်သတ်များကို မျှဝေခဲ့သည်
![](https://thadinn.com/wp-content/uploads/2024/05/87.jpg)
ဧပြီလ 12 ရက်နေ့တွင်၊ Taehyung သည် ကိုရီးယားစစ်တပ်တွင် အထူးတပ်ဖွဲ့ (SDT) စစ်သားတစ်ဦးအဖြစ် ကြမ်းတမ်းစွာလေ့ကျင့်မှုမှတစ်ဆင့် သူရရှိလာခဲ့သော ကြွက်သားတောင့်တင်းသည့် body ကို ပြသသည့် ဓာတ်ပုံများကို social media တွင် တင်ပြီးပရိသတ်များကို ရင်ခုန်စေခဲ့သည်။
![](https://thadinn.com/wp-content/uploads/2024/05/90-819x1024.jpg)
ဓာတ်ပုံတစ်ပုံတွင် Taehyung သည် တောင်ကိုရီးယားစစ်တပ်ရှိ အထူးအဖွဲ့ Special Duty Team (SDT) ၏လိုဂိုပါသည့် အနက်ရောင်အင်္ကျီကို ၀တ်ဆင်ထားသည်။ အခြားဓာတ်ပုံများကို Gymနှင့် outdoorsအပြင်တွင် ပေါ့ပေါ့ပါးပါး ၀တ်စုံများဖြင့် ရိုက်ကူးထားသည်
Taehyung သည် “ဂုဏ်ယူရသော ဒဏ်ရာများ” ဟူသော caption ဖြင့် ကျောကုန်းတွင် အမာရွတ်များနှင့် အင်္ကျီမပါသောဓာတ်ပုံကို မျှဝေခဲ့ပြီး SDT စစ်သားတစ်ဦးအဖြစ် လေ့ကျင့်မှုအတွက် ၎င်း၏ဂုဏ်ယူမှုကို ပြသခဲ့သည်။
SDT တပ်မတော်သားဟောင်း တစ်ဦးကလည်း ဒီလိုဒဏ်ရာများသည် နာရီပေါင်းများစွာ စစ်ချီတက်လာစဉ် ကျောတွင် လေးလံသော military gear & equipment များ သယ်ဆောင်လာရခြင်းကြောင့် ဖြစ်လေ့ရှိကြောင်း အတည်ပြု ပြောကြားခဲ့သည်။
![](https://thadinn.com/wp-content/uploads/2024/05/88-622x1024.jpg)
တောင်တက်စဉ် ကြိုးရှည်များမှ တွဲလောင်းခိုခြင်းကြောင့် သို့မဟုတ် တောင်အောက်၌ တွားသွားရ လေ့ကျင့်ခန်းများကြောင့် ရရှိသည့်ဒဏ်ရာများလည်း ဖြစ်နိုင်သည် ဟု၎င်းက ဆိုသည်
ဓါတ်ပုံတွေနဲ့အတူ Taehyung က သူ့ရဲ့ လတ်တလောလှုပ်ရှားမှုတွေကိုလည်း မျှဝေပေးခဲ့ပါတယ်။ Training နဲ့ လေ့ကျင့်ခန်းတွေအပြင် Na PD ရဲ့ မွေးနေ့ကို ဂုဏ်ပြုပြီး သူငယ်ချင်းတွေနဲ့ အတူတူ အပန်းဖြေခရီးတိုလေး ထွက်ခဲ့ပါတယ်။ Taehyung က အခု ကိုယ်အလေးချိန် ၇၅ ကီလိုဂရမ်ရှိနေပြီဆိုတာကိုလည်း ပြောပြခဲ့ပါတယ်။