![55](https://pantaing.com/wp-content/uploads/2024/03/55-4.jpg)
BTS အဖွဲ့ဝင် SUGA ၏ Agust D Solo World Tour ခရီးစဉ်မှ နောက်ဆုံးရှိုးအကြောင်း ရုပ်ရှင်ကို ကမ္ဘာတစ်ဝှမ်းရှိ IMAX ရုပ်ရှင်ရုံများတွင် ပြသတော့မည်ဖြစ်သည်။
ARMY တို့ ပျော်ရွှင်ရမယ့်သတင်းပဲ ဖြစ်ပါတယ်
HYBE နှင့် Trafalgar Releasing တို့က မတ်လ 5 ရက်နေ့တွင် SUGA | Agust D Tour ‘D-Day’ The Movie သည်ကမ္ဘာတစ်ဝှမ်းရှိ ရုပ်ရှင်ရုံများသို့ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။
BTS အဖွဲ့ဝင်ရဲ့ တစ်ကိုယ်တော်ရှိုးကို ကြည့်ရုံနဲ့ မလုံလောက်သေးဘူးဆိုရင် ဒီဇာတ်ကားမှာ bandmates များဖြစ်ကြတဲ့ RM၊ Jimin နဲ့ JungKook တို့လည်း ပါဝင်ကြမှာဖြစ်ပါတယ်။
![](https://thadinn.com/wp-content/uploads/2024/03/61-3.jpg)
စက်တင်ဘာလတွင် မဖြစ်မနေ စစ်မှုထမ်းမှုစတင်ခဲ့သည့် SUGAက ဒီပရောဂျက်ကို ကြေညာရန် ပရိသတ်များအတွက် အထူး Video Message ကို မျှဝေခဲ့သည်။
“ကျွန်တော်တို့ရဲ့ ချစ်လှစွာသော ARMY!
မတွေ့ရတာ တော်တော်ကြာပြီနော်၊
ကျနော် အခု ပြန်ရောက်လာတာကတော့ အထူးသတင်း၁ခုကို ဝေမျှဖို့ ဖြစ်ပါတယ်” ဟု သူက အစပြုပါသည်။
“SUGA Agust D Tour ‘D-Day’ဆိုတဲ့…ပြီးခဲ့တဲ့နွေရာသီတုန်းက ကျနော့ရဲ့တစ်ကိုယ်တော်ဖျော်ဖြေပွဲရဲ့ နောက်ဆုံးFinale ကို အားလုံးမှတ်မိကြသေးတယ်မဟုတ်လား။
![](https://thadinn.com/wp-content/uploads/2024/03/62-3.jpg)
D-Day ဖျော်ဖြေရေး ခရီးစဉ်ဟာ SUGA နှင့် Agust D ၂ယောက်လုံးရဲ့ ခရီးစဉ်၏ ဇာတ်လမ်းကို ပြောပြနေသလိုဖြစ်လို့ ကျနော့အတွက် အရမ်းအဓိပ္ပါယ်ရှိတဲ့ Tour ၁ခုပါပဲ။
ဖိုင်နယ် show မှာ ခံစားခဲ့ရသော ခံစားချက်များက အခုချိန်ထိ ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပါပဲ
ယခုတော့ D-Day နောက်ဆုံးဖျော်ဖြေပွဲကို ကမ္ဘာတစ်ဝှမ်းရှိ ရုပ်ရှင်ရုံများတွင် ထုတ်လွှင့်ပြသတော့မှာပဲ ဖြစ်ပါတယ်။”
“ကျွန်တော် အရမ်းပျော်ပါတယ်၊ ဂုဏ်လည်းယူပါတယ်၊ စိတ်လည်း အရမ်းလှုပ်ရှားပါတယ်” လို့ သူ့ရဲ့ ဖျော်ဖြေပွဲ ရုပ်ရှင်ဇာတ်ကားအကြောင်းကို ဆက်လက်ပြောပြခဲ့ပါတယ်။ “ကျနော့်အတွက် အရမ်း အဓိပ္ပါယ်ရှိတဲ့ concert ဖြစ်တဲ့အတွက် ARMY တို့လည်း ကျနော်နဲ့ ထပ်တူ ကြိုက်ကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။”
![](https://thadinn.com/wp-content/uploads/2024/03/63-3-689x1024.jpg)
ဖျော်ဖြေပွဲရုပ်ရှင်ကို ပုံမှန်ရုပ်ရှင် screenများတွင်သာမက IMAX အဆင့်မြင့်ရုပ်ရှင်ရုံများတွင်လည်း ဧပြီလ ၁၀ ရက်နှင့် ဧပြီလ ၁၃ ရက်တို့တွင် ပြသမည်ဖြစ်သည်။ ပြသမည့် လက်မှတ်များကို မတ်လ ၁၂ ရက် အင်္ဂါနေ့၊ နံနက် ၁၁ နာရီ ET/နံနက် ၈ နာရီ PT , ညနေ ၃ နာရီ GMT အချိန်များတွင် SUGATheMovie.com တွင် စတင်ရောင်းချမည်ဖြစ်သည်
အဆိုပါဝဘ်ဆိုဒ်သည် မတ် ၁၂ ရက်တွင် ပြသမည့် ရုပ်ရှင်ရုံအားလုံးကို ဖော်ပြထားမည်ဖြစ်သည်။
RM၊ Jimin နှင့် Jung Kook တို့သည် အဆိုပါဇာတ်ကားတွင် တင်ဆက်မှုများ ပါဝင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရုပ်ရှင်သည် SUGA ၏ ကမ္ဘာတစ်ဝှမ်းရှိ Agust D ဖျော်ဖြေရေးခရီးစဉ်၏ Encore Performance ကို အာရုံစိုက်ထားသည်၊
Solo Tour အတွက် SUGA သည် စုစုပေါင်းရှိုး 25 ခုအတွက် မြို့ 10 မြို့ကို ရောက်ခဲ့သည်။
အဆိုပါခရီးသည် BTS Rapper ၏ တစ်ကိုယ်တော် Solo Album, D-Day ကို အထောက်အပံ့ဖြစ်စေခဲ့ပြီး 2023 ခုနှစ် မေလတွင် Billboard 200 တွင် နံပါတ် 2 နေရာတွင်ရောက်ရှိခဲ့သည်။
![](https://thadinn.com/wp-content/uploads/2024/03/64-3-1024x682.jpg)
ဤရုပ်ရှင်ဇာတ်ကားသည် SUGA ၏ ပထမဆုံး ရုပ်ရှင်တော့ မဟုတ်ပေ။ BTS အဖွဲ့ဝင်သည် Disney+ နှင့် Weverse တို့တွင် ထုတ်လွှင့်ခဲ့သည့် ၎င်း၏ 2023 Solo Documentary , SUGA: Road to D-Day ၏ကြယ်ပွင့်လည်းဖြစ်သည်။ အဆိုပါ documentary သည် D-Day သီချင်းအယ်လ်ဘမ်ထွက်တဲ့နေ့နှင့် တစ်နေ့တည်းဖြစ်သည့် ဧပြီလ 21 ရက်နေ့တွင်ပင် ထွက်ရှိခဲ့ခြင်းဖြစ်သည်။