![82](https://pantaing.com/wp-content/uploads/2024/03/82-1024x1228.jpg)
အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုမထမ်းအနေရ အပေါ်နည်းလမ်းအမျိုးမျိုးနဲ့ ပူးပေါင်းအားဖြည့်သူ တွေကို ထိရောက်ပြင်းထန်စွာ အရေးယူသွားမယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တွေစုပြီးတော့ သတိပေးချက်ကို ဒီနေ့မှာ ပြုလုပ်ခဲ့ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ စစ်မှုမထမ်းမနေရ အမိန့်ကြေညာချက် သက်ဝင်လာစေရန် နည်းလမ်းအမျိုး မျိုးဖြင့် ပူးပေါင်းကူညီအားဖြည့် ဆောင်ရွက်နေသော ဖက်ဆစ်အလိုတော်ရိများအားလုံးကို အကြမ်းဖက်စစ်ကောင်စီရဲ့ ခွေးသွားစိတ် ဒေါက်တိုင်များအဖြစ် သတ်မှတ်ပြီး ထိရောက်ပြင်းထန် စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့အစည်းတွေက သတိပေး ဖော်ပြလိုက်တာပါ။
ဒါအပြင် အကြမ်းဖက်စစ်ကောင်စီက စစ်မှုမထမ်းမနေရ အမိန့်ကြေညာချက်ကို ပြဌာန်းပြီးတော့ ပြည်သူတွေရဲ့ လူသားလုံခြုံမှုကို ပြောင်ပြောင်တင်းတင်း ထိပါးကျူးလွန်လုပ်ဆောင်နေတယ် ဆိုပြီးတော့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ ထုတ်ပြန်ချက်ကို ရန်ကုန်တိုင်း ပကဖ ၊ Yangon Urban Guerrillas ၊ Yangon UG Association ၊ Yangon Army နဲ့ Yangon Guardian Army တို့ ပူးပေါင်းပြီး ထုတ်ပြန်ခဲ့တာပါ။