![31](https://pantaing.com/wp-content/uploads/2024/02/31-6.jpg)
epa10092099 Protesters flash the three-finger salute during a rally outside of the Myanmar Embassy in Bangkok, 26 July 2022. Myanmar nationals and supporters staged a protest against the 25 July executions of pro-democracy leaders by the Myanmar military. EPA-EFE/DIEGO AZUBEL
အကြမ်းဖက်စစ်ကောင်စီ ရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ ကိုအတည်ပြုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) က ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပါတယ်။
ဒီလို လုပ်ဆောင်တာဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်သူတွေကို အကြောက်တရားနဲ့ ထိမ်းချုပ်ဖို့ လုပ်ဆောင်တဲ့ ရှက်ဖွယ်လုပ်ရပ်သာဖြစ်တယ်လို့လည်း APHR ရဲ့ ဖေဖော်ဝါရီ ၂၂ ရက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“စစ်မှုထမ်းဥပဒေရဲ့ မြန်မာလူငယ်တွေအပေါ် အကျိုးသက်ရောက် ရိုက်ခတ်မှုကို ကျွန်တော်တို့ သေချာတွက် ကြည့်ပြီးပါပြီ။ ဒါဟာ စစ်အာဏာသိမ်းအစိုးရရဲ့ ကိုယ်ကျိုးစီးပွားရှာမှုနဲ့ အကြောက်တရားနဲ့ အုပ်ချုပ်ဖို့လုပ် တဲ့ နောက်ထပ် အရှက်ရစရာ ဆောင်ရွက်ချက်တစ်ခုပဲ ဖြစ်ပါတယ်”လို့ APHR ဘုတ်အဖွဲ့ဝင် ဖြစ်သူ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း ကာဆစ်ပီရိုမီယာက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင်သူက “ကျွန်တော်တို့အနေနဲ့ တခြားနိုင်ငံတွေကို ထွက်ခွာချင်တဲ့ မြန်မာလူငယ်တွေအတွက် ပညာရေး အခွင့်အလမ်း ၊ ဗီဇာအပါအဝင် ပံ့ပိုးဖို့ လုပ်ငန်းစဉ်တွေမှာ ကူညီပေးသွားဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုလဲ တိုက်တွန်းထားပါတယ်၊ နိုင်ငံတကာအဖွဲ့အစည်းတွေကိုလဲ အာဏာရှင်စနစ်ကို အဆုံးသတ်ပေးမယ့် ဒီမိုကရေစီ လှုပ်ရှားမှုများကို ကူညီထောက်ပံ့ပေးဖို့ တိုက်တွန်းပြောဆိုထားပါတယ်။” လို့ သူကဆက်ပြောပါတယ်။
စစ်မှုထမ်းဥပဒေကို ကြေငြာပြီးနောက်ပိုင်းမှာ လူငယ်တွေနဲ့ သူတို့ရဲ့ မိသားစုတွေက အကြမ်းဖက် စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်လိုစိတ်မရှိတဲ့အပြင် ယခင်က ဒီမိုကရေစီလှုပ်ရှားမှု မရှိခဲ့တဲ့ လူငယ်တွေကအစ အာဏာရှင်စနစ်ကို အဆုံးသတ်ဖို့ လိုလားနေကြပါတယ်။