![95](https://pantaing.com/wp-content/uploads/2024/01/95-1-1024x683.jpg)
President Barack Obama greets Burmese Opposition Leader Aung San Suu Kyi during a visit to her private residence in Rangoon, Burma, Nov. 19, 2012. (Official White House Photo by Pete Souza) This official White House photograph is being made available only for publication by news organizations and/or for personal use printing by the subject(s) of the photograph. The photograph may not be manipulated in any way and may not be used in commercial or political materials, advertisements, emails, products, promot
ဒေါ်အောင်ဆန်းစုကြည် နေထိုင်နေသော ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို ဦးအောင်ဆန်းဦးက တောင်းဆိုသည့် အတိုင်း အမေရိကန်ဒေါ်လာ သန်း ၉၀ လေလံ ကြမ်းခင်းစျေး စစ်ကောင်စီ တရား ရုံးက သတ်မှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သော သတင်းရပ် ကွက်ထံမှ သိရှိရသည်။
အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို အမွေဆိုင်အဖြစ် အမွေခွဲလိုသော ဦးအောင်ဆန်းဦးကို စစ်ကောင်စီတရားရုံးက အနိုင်ပေးခဲ့ပြီးနောက် ၎င်းတောင်း ဆိုသည့်အတိုင်း အမေရိကန်ဒေါ်လာ သန်း ၉၀ (မြန်မာကျပ်ငွေ သိန်းပေါင်း ၃,၁၅၀,၀၀၀ ) သတ်မှတ်လိုက်ကြောင်း ၊ လာမည့် မတ်လ ၂၀ ရက်နေ့တွင် လေလံ တင် မည်ဖြစ်ကြောင်း သိရှိရသည်။
“လေလံတင်ပွဲကိုတော့ ပစ္စည်းရှိတဲ့နေရာမှာပဲ လုပ်မှာပါ” ဟု တရားရေး သတင်း ရင်းမြစ်က ပြောဆိုသည်။