
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ယနေ့နံနက်ပိုင်းက အလုပ်သမားအခွင့်အရေးနှင့် ပက်သက်ပြီး ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆန္ဒပြပွဲကို ယနေ့နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုင်းရောက်မြန်မာများနှင့်အတူ ထိုင်းအလုပ်သမားများလည်း ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
ဘန်ကောက်မြို့တွင်းရှိ ဒီမိုကရေစီကျောက်တိုင် (အနုစဝါရီအဝိုင်းပတ်) မှ UN ရုံးအထိ လမ်းလျှောက်ခြင်းဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး အလုပ်သမား လုပ်ခလစာတိုးမြင့်ရေး၊ ကျန်းမာရေး စောင့်ရှောက်ခွင့်နှင့် တန်းတူအခွင့်အရေးရရှိရေး စသည်တို့ကို အလေးပေးတောင်းဆိုခဲ့ပြီး ထိုင်းအလုပ်သမား ဝန်ကြီးဌာနသို့ အိပ်ဖွင့်ပေးစာ ပေးအပ်ခဲ့ကြောင်း သိရသည်။