![2](https://pantaing.com/wp-content/uploads/2023/10/2-2-1024x768.jpg)
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီးမြို့မရဲစခန်းနှင့် ဆောက်လုပ်ရေးရုံးရှိ အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရဲ ၅ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၄ ထံမှ သိရသည်။
စက်တင်ဘာလ ၂၉ ရက် ည ၉ နာရီခန့်က နွာထိုးကြီးမြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ ဆောက်လုပ်ရေးရုံးကို ဗုံးသီး ၁ လုံး၊ နွားထိုးကြီးမြို့မရဲစခန်းကို ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲ ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ ထိုသို့ တိုက်ခိုက်ပြီးနောက် ရဲစခန်းအတွင်းမှ မိသားစုဝင်များမှာ မိတ္ထီလာဘက်သို့ ထွက်ပြေးတိမ်းရှောင်သွား ကြောင်း သိရသည်။
အလားတူ ယမန်နေ့ စက်တင်ဘာလ ၃၀ ရက် နေ့လည် ၁၀ နာရီဝန်းကျင်ခန့်ကနွားထိုးကြီးမြို့မရဲ စခန်းအား ဒရုန်းဖြင့် ဗုံးသီး ၂ လုံးထပ်မံကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုများကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နှင့် Natogyi Regional Defence Force မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း တို့ ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
See Translation
![May be an image of 2 people](https://scontent-mxp2-1.xx.fbcdn.net/v/t39.30808-6/384266764_674152088145734_8102145867624643451_n.jpg?stp=dst-jpg_s1080x2048&_nc_cat=111&ccb=1-7&_nc_sid=49d041&_nc_ohc=JJUt4mHO16QAX8oQmHC&_nc_ht=scontent-mxp2-1.xx&oh=00_AfB1HpKSDLNCkgb3k_yA4n3jTaRiVR7CYzK1wJW9OuWWKA&oe=65216872)
All reactions:
13K13K