![2](https://pantaing.com/wp-content/uploads/2023/09/2-34-1024x515.jpg)
Federal Wings ဒရုန်းတပ်ဖွဲ့က ဝေဟင်တာဝေးစစ်ဆင်ရေး နဲ့ ကင်းထောက်ဒရုန်း စမ်းသပ်ပျံသန်းမှု ရုပ်သံဖိုင်တစ်ခုကို ထုတ်ပြန်ထားပါတယ်။
အခုဒရုန်းတွေဟာ နေ့ညရာသီမရွေးပျံသန်းနိုင်ပြီး စစ်ဆင်ရေးပုံစံအလိုက် အသုံးပြုမှုပုံစံကို ပြောင်းလဲ စစ်ဆင်နိုင်စွမ်းရှိတယ်လို့ အသိပေးထားတာပါ။
တာဝေးပစ်စစ်ဆင်ရေးနဲ့ ကင်းထောက်ဒရုန်းတွေကို အရှိန်အဟုန်နဲ့ ထုတ်လုပ်ဖြန့်ဖြူနိုင်ပြီး ထိရောက်တဲ့ စစ်ဆင်ရေး ဆောင်ရွက်နိုင်ဖို့အတွက် Federal Wingsက နေ့ညမပြတ် ကြိုးစား အားထုတ်နေတယ်လို့ အသိပေးထားပါတယ်။
Federal Wings ဒရုန်းတွေ အားဖြည့်တပ်ဆင်ဖို့အတွက် ရန်ပုံငွေရှာဖွေမှု လှုပ်ရှားမှုတွေ လစဉ် ဆောင်ရွက်နေပြီး Federal Wings ဒရုန်းတပ်ဖွဲ့ရဲ့ တိုးတက်ဖြစ်ထွန်းမှုအခြေအနေကို ပူးပေါင်းအား ဖြည့်ပေးနိုင်ဖို့ ပြည်သူတွေကို တင်ပြပေးတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။