![9](https://pantaing.com/wp-content/uploads/2023/09/9-30.jpg)
ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသ၊ ခလယ်တံခွန်တိုင်သို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်ဖွဲ့တွေကို Cloud Wings ဒရုန်းတပ်ဖွဲ့က စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ တိုက်ခိုက်ခဲ့ရာ စကစ ၁၀ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
၈၁ မမ၊ ၆၀ မမ အစရှိတဲ့ ဗုံးသီးအလုံးပေါင်း ရာကျော်ကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို BGF တွေက ကား ၈ စီးနဲ့ မော်လမြိုင်ကုတင် ၃၀၀ စစ်ဆေးရုံသို့ သယ်ဆောင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။
စစ်ဆင်ရေးအတွင်း Cloud Wings ဒရုန်းတပ်ဖွဲ့မှ ဒရုန်း ၁ စီး ပျက်ခဲ့ရပြီး KNLA ရဲ့ ဦးစီးဦးဆောင်မှုနဲ့ နဂါးနီစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF တို့အပါအဝင် Cloud Wings ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒရုန်းတပ်ဖွဲ့အနေနဲ့ သီးသန့် သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။