![7](https://pantaing.com/wp-content/uploads/2023/09/7-26-1024x555.jpg)
တနင်္သာရီတိုင်း ၊တနင်္သာရီမြို့နယ် ၊ ဇဝဲရွာ အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ အမှတ် (၅၅၆) ခြေမြန်တပ်ရင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးနဲ့ ၂ ကြိမ်ခန့် သွားရောက်ပစ်ခတ်ခဲ့တယ်လို့ တနင်္သာရီ ပကဖ က ဒီနေ့ ရက်စွဲနဲ့ တိုက်ပွဲသတင်းကို ထုတ်ပြန်လိုက်ပါတယ်။
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာ ၁၉ ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့်၊ အကြမ်းဖက်စစ်တပ်ရဲ့ တပ်ရင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အရေးပေါ် လူနာတင်ယာဥ် ၂ စီးနဲ့ မြိတ်မြို့နယ်သို့ တင်ဆောင် သွားတယ်လို့ တိုက်ပွဲသတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ၅၅၆ တပ်ရင်းဟာ ဇဝဲလမ်းဆုံမှာ ဂိတ်ချပြီး၊ခ ရီးသွားပြည်သူများထံ အဓမ္မငွေတောင်း နေတဲ့ တပ်ရင်းဖြစ်ပြီး၊ တပ်မဟာ (၆) နယ်မြေက KNLA တပ်ရင်းထံ လက်နက်နဲ့ အလင်းဝင်သွားတဲ့ ရဲဘော်များရဲ့ တပ်ရင်းဖြစ်တယ်လို့ ပြောပါတယ်။