![19](https://pantaing.com/wp-content/uploads/2023/09/19-2.jpg)
Karenni Generation Z(KGZ) Volunteer Fighters အဖွဲ့မှ တပ်ဖွဲ့ဝင် ၃၈ဦး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း (၁) ထံ လာရောက်ပူးပေါင်းခဲ့သည်။
စုပေါင်းစစ်ရေးဦးဆောင်မှုတစ်ခုအောက်တွင် ခံယူလိုသောရည်ရွက်ချက်ဖြင့် လာရောက်ပူပေါင်းခဲ့ခြင်းဟု KNDF တပ်ရင်း(၁)က ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်သည်။
“အဖွဲ့တွင်းတွေမှာ ဘာပြဿနာမှမရှိပါဘူး။အခုကလည်း လွတ်လွတ်လပ်လပ်နဲ့ ဆုံးဖြတ်ခွင့်တွေက ရှိပြီးသားပဲ။အဲဒါကြောင့်လည်း လက်ခံလိုက်တာ”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
လာရောက်ပူးပေါင်းသည့် တပ်ဖွဲ့ဝင်သစ်များကို KNDF တပ်ရင်း (၁)၊တပ်ခွဲ (၁)၊ တပ်စု(၅) အဖြင့် တရား၀င်ရပ်တည်စေခဲ့ပြီးနောက် စစ်သင်တန်းပေးခြင်း၊ ကိုယ်ပိုင်နံပတ် ပေးအပ်ခြင်း၊ ဝတ်ဆုံအပ်နှံခြင်း၊ ဘက်တံဆိပ် အပ်နှင်းခြင်းနှင့် ကတိသစ္စာခံယူခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းအသိပေးသည်။
ထို့အတူ KNDFတပ်ရင်းအနေဖြင့် Chain of Command (COC) တစ်ခုအောက်၌ လာရောက်ပူးပေါင်းမည့် မည်သည့်လူပုဂ္ဂိုလ်နှင့် အင်အားစုမဆို အမြဲတမ်းကြိုဆိုလျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
၂၀၂၁ မေလ ၂၆ရက်ကစတင်ဖွဲ့စည်းခဲ့သော KGZတပ်ဖွဲ့သည် ပရဟိတတိုက်ခိုက်ရေးသမားများဖြင့်စုဖွဲ့ထားသည့် တပ်ဖွဲ့ဖြစ်ပြီး လက်နက် များ စမ်းသပ်ထုတ်လုပ်ခြင်းအပါအဝင်လက်ရှိတွင်လည်း ကရင်နီဒေသတွင်းတပ်များနှင့်ပူးပေါင်း၍ စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။