![79](https://pantaing.com/wp-content/uploads/2023/08/79.jpg)
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ သီဘွာလ်ကျေးရွာနဲ့ ဆတွမ်ကျေးရွာကြားတွင် မနေ့ ဩဂုတ် ၁၇ ရက်ည ၇ နာရီခွဲလောက်က စစ်ကောင်စီနဲ့ CNDF တို့ နာရီဝက်ကြာပစ်ခတ်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
သီဘွာလ်ကျေးရွာ စစ်ကောင်စီစခန်းကတပ်သား ၁၀ ဦးလောက်ဟာ ဆတွမ်ကျေးရွာဘက်သို့တောလမ်းအတိုင်း ရောက်လာလို့ CNDF နဲ့ပစ်ခတ်ကြပါတယ်။
CNO တာဝန်ရှိသူတစ်ဦးက “သီဘွာလ်နဲ့ ဆတွမ်ကြားကားလမ်းကို အများပြည်သူအသုံးပြုခွင့်ပေးလိုက်တော့ မိုင်းတွေလည်း အကုန်ပြန်ဖြုတ်လိုက်ပြီလေ။ ပေ ၃၀၀ လောက်အကွာကနေ မိနစ် ၃၀ လောက်ပစ်ကြတာ။ ကျနော်တို့ရဲဘော်တွေ ထိခိုက်မှုတော့မရှိဘူး”လို့ပြောပါတယ်။