
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ကံသာရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ငါန်းဇွန်မြို့နယ်၊ ကံသာရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ငါန်းဇွန် ပကဖ) ၊ Black Eagle Force Black Eagle Drone Force ၊ မြင်းခြံခရိုင် တပ်ရင်း ၇ တပ်ခွဲ ၁ ငါန်းဇွန် မီးနဂါး နှင့် ဒေါင်းဖိုက်တာ အဖွဲ့ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။