![13](https://pantaing.com/wp-content/uploads/2023/07/13-16.jpg)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ပြည်သူများထံမှ ဆက်ကြေးကောက်နေသည့် အကြမ်းဖက်စစ်သားနှင့် ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၂ ဦးပွဲချင်းပြီး သေဆုံးခဲ့ ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ ခန့်က မုံရွာမြို့နယ်၊ တောပုရွာမှ ပျူစောထီးများနှင့် စွမ်းရည်ထက် ဆီဆိုင်၌ တပ်စွဲထားသော အကြမ်းဖက် စစ်သား ပူးပေါင်း အင်အား ၅၀ ခန့်သည် မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာ၌ ခရီးသွား ပြည်သူများထံမှ ဆက်ကြေးကောက်ခံနေစဥ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရေခပ်ရန်ထွက်လာသော အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“ရေလာခပ်တဲ့ စစ်ခွေး ၂ ကောင်ကို အပိုင်ပစ်ပြီး ပြန်ဆုတ်လာခဲ့ရတာဗျ၊ ရေလာခပ်တဲ့ ခွေး ၂ ကောင်က တော့ ဇကာပေါက်ဖြစ်ပြီး ပွဲချင်းပြီးသေသွားတယ်၊ လက်နက်ကြီးတွေရော၊ စက် ကလေးနဲ့ရော တောက် လျှောက် ဆွဲတာ၊ နောက်ကလိုက်မလာနိုင်အောင် တောင့်ခံထားရတော့ နောက် ချန်လူတွေနဲ့ ခဏတာ တိုက်ပွဲဖြစ်ခဲ့သေးတယ်၊ ခွေးတွေက ဇရပ်ထဲမှာက ၁၅ ကောင်၊ ဘေးပတ်ပတ် လည်ကင်းပုန်း တွေရောရှိ တာ ပျူနဲ့ခွေးတွေပေါင်းထားတာ အားလုံးဆို ၅၀ လောက်ရှိမယ်ဗျ” ဟု People’s Defence Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း (People’s Defence Force – South Monywa) ၏ တပ်ခွဲ ၁ ၊ တပ်ခွဲ ၃ နှင့် Monywa Special ဒိတ်ဒိတ်ကြဲ PDF ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
See Translation
![May be an image of 2 people](https://scontent-ord5-2.xx.fbcdn.net/v/t39.30808-6/361105907_635460828681527_7819182160885171485_n.jpg?_nc_cat=100&ccb=1-7&_nc_sid=8bfeb9&_nc_eui2=AeE-fcKSlBPj01rsLxt0lty2l49N6CtUDr2Xj03oK1QOvZ6N-RpbDQooeEpvm84WDg-W74COMK2nuHsAXvfVxO3R&_nc_ohc=FxNfaDlIlQgAX_duTYu&_nc_ht=scontent-ord5-2.xx&oh=00_AfBczSZVC1mqKo_jcPonQxYO_lRu-Ca9HbD9uAfMuahMpw&oe=64C36B17)
All reactions:
7.6K7.6K