![35](https://pantaing.com/wp-content/uploads/2023/07/35-6.jpg)
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ သက်ပေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦးသေဆုံးခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ရေဦးမြို့ တိုင်းရင်းဆေးရုံ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ခင်ဦးမြို့ နယ်၊ သက်ပေးကျေးရွာကို ပစ်ခတ်ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁ လုံး အတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ ကလေးငယ် ၁ ဦးသေဆုံးပြီး မိဘ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေဦးနှင့် ဒီပဲယင်း နယ်စပ်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ကျေးရွာ ၂၀ ကျော်က သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။
လက်ရှိချိန်တွင် ရေဦးမြို့နယ် တောင် ခြမ်းရှိ ရွာသာလေး၊ မူးသာကုန်း၊ ကုက္ကိုစု၊ ပိဋကတ်ကျ၊ ဇိန့်ဇွန်း၊ ပေါက်သာ၊ ဆည်ကြီး၊ ချောင်းပေါက် စသည့်ကျေးရွာများနှင့် ဒီပဲယင်းနယ်အရှေ့ခြမ်းရှိ လက်ယက်ကုန်း၊ ညောင်ကြီးကုန်း၊ မူးခတွင်း၊ အောင် ချမ်းသာ၊ သရက်တော၊ လက်ဆည်၊ သပြေသာ၊ နှဘဲလှ၊ ကံကုန်း၊ ဝဲကြီး၊ သစ်တုံ၊ ကုန်းကြီး စသည့် ကျေး ရွာများမှ ပြည်သူပေါင်း ၁၀၀၀၀ ကျော်ခန့်ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
“တိုင်းရင်းဆေးရုံကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ထုပြီး စစ်ခွေးတွေ အင်အား အများအပြားနဲ့ စစ်ကြောင်းထိုးနေတယ်။ ခင်ဦးအနောက်ခြမ်း သက်ပေးရွာက နေအိမ်တစ်လုံးထဲ လက်နက်ကြီးကျလို့ မိသားစု ၃ ဦးဒဏ်ရာရ တာ၊ ကလေးကတော့ ဆေးကုဖို့အသွားလမ်းမှာ သေသွားပြီ၊ မိဘနှစ်ဦးကလည်း ဒဏ်ရာပြင်းထန်တယ်။ အခု ရေဦးနဲ့ ဒီပဲယင်း နယ်စပ်က ရွာပေါင်း ၂၀ ကျော်က ပြည်သူ ၁၀၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကပြောဆိုသည်။
See Translation
![](https://scontent-ord5-1.xx.fbcdn.net/v/t39.30808-6/360150835_633845498843060_3553206987886500443_n.jpg?_nc_cat=109&ccb=1-7&_nc_sid=8bfeb9&_nc_eui2=AeEAJlusaUaHUWIr1-FFVR5c1lGUbbeTFYLWUZRtt5MVgmkPhd3JbFpNyfgLNZKwee34JLwKd8cInayjnD3qfmZd&_nc_ohc=zicvxb53mS8AX-9sszm&_nc_ht=scontent-ord5-1.xx&oh=00_AfCxyIM3FBth2VbSX1bCyZnKcoJyIT67RIax1yzzBbHouA&oe=64BE6018)
![](https://scontent-ord5-2.xx.fbcdn.net/v/t39.30808-6/361106398_633845538843056_3766586567732693034_n.jpg?_nc_cat=102&ccb=1-7&_nc_sid=8bfeb9&_nc_eui2=AeEq1qh6wBHlv958QRQlGJtdvIeh3UfqqCq8h6HdR-qoKk30hpzGdr-lb5BjsMi--XsY1ydRn7nwig1-96293t0q&_nc_ohc=-Q5KuImrG_YAX8_s5Pc&_nc_ht=scontent-ord5-2.xx&oh=00_AfBimDEc-pWn-I5nMFfxM3vVO_GLZTRcAlxCeyWqukSVGQ&oe=64C01190)
![](https://scontent-ord5-2.xx.fbcdn.net/v/t39.30808-6/361609640_633845572176386_994179324613346500_n.jpg?_nc_cat=103&ccb=1-7&_nc_sid=8bfeb9&_nc_eui2=AeEMmIA44nSNCvQE1O0IH8RPGcOzqa4Puy0Zw7Oprg-7LadDxfP31DZx1ticwOFGusrYUwvhdQPBqNmXJRg7GYqO&_nc_ohc=uzuj4hr-DNgAX9y0XxU&_nc_ht=scontent-ord5-2.xx&oh=00_AfB5_mlMgmsaWuYrh9LjI9XFVYVWyyBFMBQb-Ds9xVh-KA&oe=64BEF078)
![](https://scontent-ord5-2.xx.fbcdn.net/v/t39.30808-6/361623732_633845602176383_8619322057864635505_n.jpg?_nc_cat=110&ccb=1-7&_nc_sid=8bfeb9&_nc_eui2=AeHlh_KdDUK5-NfwxdfM4B6LnmmcVCuG6xSeaZxUK4brFB7QzHuarpmf4cDp4AdP3Wfd_P1jv9ZBJcJ7KyPi8wdi&_nc_ohc=CDZXca8dHGAAX9zTbfj&_nc_ht=scontent-ord5-2.xx&oh=00_AfDsZmJzOlCEWIP2QHG6HxPUXaFBHpX006aJGLf9X26Isg&oe=64BF9397)
![](https://scontent-ord5-2.xx.fbcdn.net/v/t39.30808-6/360143350_633845642176379_246850860411063398_n.jpg?_nc_cat=100&ccb=1-7&_nc_sid=8bfeb9&_nc_eui2=AeGrXCsTW7iKA2cyjg7Icl9VAKYaqSRIBK4AphqpJEgErgR04nhhlc8LL6vzMyF-7_5QLEm1l9mSnI37FyZ2XfPN&_nc_ohc=dwJo0AoI9bAAX901ffP&_nc_ht=scontent-ord5-2.xx&oh=00_AfDpmr7E8E9pKbdgS8genU5qfOunge44wK77zD1U4TAz3g&oe=64BFF16C)
All reactions:
2.8K2.8K