![35](https://pantaing.com/wp-content/uploads/2023/07/35-2.jpg)
ရန်ကုန်မြို့ တစ်နေရာမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲချုပ် (ဗကသများ အဖွဲ့ချုပ်) နဲ့ North Dagon Oppressed People’s Strike Colition-NDOSPC တို့ ပူးပေါင်းပြီး ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
“၇.၇.၆၂ မမေ့ကြနှင့်။ ဆဲဗင်းဂျူလိုင် တိုက်ပွဲဝင် စိတ်ဓာတ်ကို ဆက်လက်ကိုင်စွဲကြ၊ စစ်သုံးစစ်ကို အမြစ်ဖြတ်တိုက်ဖျက်ကြ” စာသားပါ စတေကာများ၊ မြို့ပြအား အဓိက ထိန်းချုပ်ထားတဲ့ CCTV များ လမ်းဘက်သို့ မလှည့်ကြဖို့ “ပျက်ပျက် မပျက်ပျက် လမ်းဘက်မလှည့်နဲ့” စာသားပါ စတေကာများ ကပ်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။