![64](https://pantaing.com/wp-content/uploads/2023/06/64-9.jpg)
စစ်ကောင်စီ လက်အောက်ခံ အဖွဲ့ အဖြစ် မှတ်ပုံတင် အသစ် တင်ခိုင်း သဖြင့် Pact Myanmar ခေါ် Pact Global Microfinance Fund က လုပ်ငန်း ရပ် ဆိုင်းပြီး အလုပ် ၄၀၀၀ ကျော် ဖြုတ်သိမ်းလိုက်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် အသေးစားချေးငွေလုပ်ငန်း လုပ်ကိုင်နေသော Pact Myanmar က ယခုနှစ် ဇွန်လကုန်တွင် မြန်မာနိုင်ငံက ထွက်ခွာ တော့မည် ဖြစ်ပြီး ချေးငွေများကို အတိုးနှင့်အရင်းပါတောင်းခံတော့မည်မဟုတ်ကြောင်း၊ စစ်ကောင်စီ၏ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ထိန်းချုပ်မှု အောက် ရှိရမည့် စီးပွားရေးအဖွဲ့အစည်းအဖြစ် ဇွန် ၃၀ ရက်နောက်ဆုံး ပြန် လည်မှတ်ပုံမတင်နိုင်ခြင်းကြောင့် နှုတ်ထွက်ရခြင်းဖြစ်ကြောင်း၊ Pact Global Microfinance Fund (PGMF)အနေဖြင့် အခြားရွေး ချယ်ရန် နည်း လမ်း မရှိတော့သဖြင့် မြန်မာနိုင်ငံအတွင်းမှ ငွေရေးကြေးရေး လုပ်ငန်း ပိတ် သိမ်းခြင်း ဖြစ်ကြောင်း တရားဝင် ကြေညာသည်။
ဇွန်လ ၃၀ ရက်နေ့အတွင်း စီးပွားရေးအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်နိုင်ခြင်း မရှိပါက PGMF သည် လက်ရှိလုပ်ငန်းကိုတရားမဝင် လုပ်ဆောင်သကဲ့သို့ ဖြစ်မည် ဖြစ်ပြီး၊ ဝန်ထမ်းများအတွက် အန္တရာယ်ကြီးစွာကြုံတွေ့နိုင်ကြောင်း၊ အသင်းသားများ၏ချေးငွေများကို စုဆောင်းငွေလက်ကျန်များဖြင့် ခုနှိမ် သွားမည်ဖြစ်ကြောင်း၊ အသင်းသားများ၏စုဆောင်းငွေပမာဏသည် ချေးငွေ လက်ကျန်ထက် ပိုများနေပါက အသင်းသားများကို ဆက်သွယ်၍ စုဆောင်း ငွေများ ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း၊ စုဆောင်းငွေက ချေးငွေ လက် ကျန် ထက်နည်းနေပါက ချေးငွေလက်ကျန်ကို ကောက်ခံခြင်း မပြုတော့ဘဲ လျှော်ပစ်မည်ဖြစ်ကြောင်း၊ထိုကြောင့် ချေးငွေလက်ကျန်ပမာဏကို Pact Myanmar ကိုလည်းကောင်း၊ အခြားသူတစ်ဦးတစ်ယောက်ကိုလည်း ပြန်လည်ပေးဆပ်ရန် တာဝန်မရှိတော့ကြောင်း ထုတ်ပြန်ထားသည်။
PGMF ထံမှ ရယူထားသော ချေးငွေလက်ကျန်အားလုံးကို ဇွန်လ ၂၆ ရက်နေ့ မှစပြီး အပြီးအပိုင်လျှော်ပေးကြောင်း၊ လူကြီးမင်းတို့ ချေးငွေလက်ကျန်များကို ယခုအချိန်ကပြီး မည်သူတစ်ဦးတယောက်ကမှ လာရောက်တောင်းခံပါက ပေးရန် (လုံးဝ) မလိုအပ်ကြောင်း ၊Pact Myanmar ထွက်ခွာမှုကြောင့် ဝန်ထမ်း ၄၀၀၀ကျော်ကိုလည်း ထိုက်တန်သည့် လျှော်ကြေးပေးအပ်မည်ဖြစ်ကြောင်း တရားဝင် ကြေညာထားသည်။